28 C
Yangon

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဧပြီလအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံး၊ အာဏာသိမ်းယူသည့် ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၅၁၃ ဦးကို စစ်ကောင်စီ​က သတ်ဖြတ်ခဲ့

Must read

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဧပြီလအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံး၊ အာဏာသိမ်းယူသည့် ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီး ၅၁၃ ဦးကို စစ်ကောင်စီ​က သတ်ဖြတ်ခဲ့

ရန်ကုန်၊ မေ ၂

အကြမ်းဖက် စစ်ကောင်စီကြောင့် ဧပြီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းထားသူ အမျိုးသမီး စုစုပေါင်း ၄၃ ဦးအထိရှိခဲ့ကြောင်း Burmese Women’s Union (မြန်မာအမျိုးသမီးသမဂ္ဂ) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဧပြီလ ၁၁ ရက်နေ့တွင် ပဇီကြီးရွာသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၄၅ ဦးအထိ ရှိခဲ့ကြောင်းလည်း Burmese Women’s Union ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီ ၂၈ ရက်နေ့အတွင်း အမျိုးသမီး ၃၃၉၀ ဦးကို ဖမ်ဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂ နှစ်ကျော်အတွင်း အမျိုးသမီး ၅၁၃ ဦး ကို သတ်ဖြတ်ခဲ့ပြီး ၈၁၉ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Burmese Women’s Union (မြန်မာအမျိုးသမီးသမဂ္ဂ) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စာရင်းများသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် Burmese Women’s Union (မြန်မာအမျိုးသမီးသမဂ္ဂ) တို့ ကောက်ယူထားသည့် အချက်အလက်များ ဖြစ်ပြီး စုံစမ်းဆဲစာရင်းများလည်း ရှိသည့်အတွက် အရေအတွက်မှာ ယခုထက်ပိုမိုများနိုင်ကြောင်းလည်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် အမျိုးသမီး အများစုမှာ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းတို့မှ အများဆုံးဖြစ်ကြောင်း စာရင်းများ အရ သိရှိရသည်။

ထို့ပြင် မတ်လအတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၂၉ ဦးအထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးသူဦးရေ ၁၇ ဦးဖြင့် အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း၊ မတ်လအတွင်းတွင် ဖမ်းဆီးခံရသူ အမျိုးသမီး ၅၈ ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ ဖမ်းဆီးခံရသူ ၁၉ ဦးဖြင့် အများဆုံးဖြစ်ကြောင်း Burmese Women’s Union ၏ မတ်လအတွင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှ စ၍ အမျိုးသမီးများကို မတရား သတ်ဖြတ် ဖမ်းဆီးခြင်းများအပြင် ကလေးငယ် ၅၉၂ ဦးကိုလည်း ဖမ်းဆီးထားပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ် ၃၆၃ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article