နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံး
■ စစ်တပ် ပစ်ခတ်မှုကြောင့် နေအိမ် အများအပြား ပျက်စီးကာ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ မေ ၉
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့မှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ အတွင်း ဖြစ်ပွားခဲ့သော စစ်ကောင်စီ တပ်ဖွဲ့များနှင့် မန္တလေးပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (MDY-PDF) တို့၏တိုက်ပွဲများအပြီးတွင် စစ်ကောင်စီ၏ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ် မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါအ၀င် ပြည်သူ ၄ ဦးသေဆုံးပြ နေအိမ်ပေါင်းများ စွာထိ ခိုက်ပျက်စီးခဲ့သည်။ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦး နှင့် ၄င်းတို့၏မိသားစု တစ်ဦးကို လဲ ဖမ်းဆီးထားပြီး ဒေသခံ ၅ဦးသည်လည်းမြေမြုပ် မိုင်းကြောင့် ထိခိုက် ခဲ့သည်။
ဧပြီလ ၅ ရက်နေ့တွင် နောင်ချိုဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် MDY-PDF တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက် ကြီး အမြောက်အများ အသုံးပြုခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး တစ်လုံးသည် သံဘိုကျေးရွာရှိ နေအိမ်တစ်လုံး ပေါ် သို့ကျရောက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် နန်းမအေးနှင့် အသက် ၁၁ လအရွယ် စိုင်းဝါဝါ၀င်းတို့ မောင်နှမ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
ထိုနေ့ ညနေ ၅ နာရီခန့်တွင် ရတနာသိင်္ဂီ သတ္တုတွင်းအနီး တပ်စွဲ ထားသော စစ်တပ်မှ ကုန်းညောင် ကျေး ရွာအတွင်းသို့ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအနီးရှိ ကြံစိုက်ခင်းများ မီးလောင် ပျက်စီးခဲ့ကာ လမ်းပေါ်တွင် စျေးရောင်းချနေသည့် အမျိုးသား ၁ ဦး လက်နက် ကြီး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်းမရွာ အတွင်းသို့ ရောက်ရှိလာခဲ့ပြီး အင်းမကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့ကို PDF များကိုလက်ခံထားသည်ဟု ပြောဆိုကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း၊ ဧပြီလ ၁၃ ရက်နေ့တွင်လည်း ကုန်း သာ ကျေးရွာအုပ်စု ကုန်းသာရွာအုပ်ချုပ်ရေးမှူးကို နေအိမ်၌ စစ်သားများက လာရောက် ဖမ်းဆီး သွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများသည် လက်ရှိချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိဘဲ အဆက်အသွယ် ပြတ်တောက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၁၁ ရက်နေ့ ည ၈ နာရီခန့်က ရတနာသိင်္ဂီသတ္တုတွင်း အနီးတပ်စွဲထားသော စစ်တပ်က သံဘိုကျေးရွာအတွင်း သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၇၀ အရွယ် လုံးစန္ဒိမာ လက်နက်ကြီး ကျည် ထိမှန် သေဆုံးခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲများသည် သံဘိုကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအုပ်စု တို့ အပါအ၀င် နောင်ချို့မြို့နယ်ရှိ ကျေးရွာအများစုတွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဧပြီလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ကုန်းကြီးကျေးရွာအုပ်စု ကုန်းကြီးရွာတွင် နေအိမ် ၉ လုံး၊ ဟိုခဲရွာတွင် နေအိမ်အလုံး ၂၀ လုံး ထိမှန် ပျက်စီးခဲ့ပြီး ရောင်းချရန်သိုလှောင်ထားသည့် တန်ဖိုးသိန်း ၂၀၀ ၀န်းကျင်ရှိ ပြောင်းဖူးများလည်း မီးလောင်ပျက် စီးခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကုလားကွဲကျေးရွာ အတွင်း ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံး ထိမှန်ကာ အသက် ၅၂ နှစ်အရွယ် ဦးချစ်စိန် သေဆုံးခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကုန်းကြီးကျေးရွာ အုပ်စု နောင်ခဲ ကျေးရွာမှ ရွာသား ၅ ဦးသည် ကျေးရွာအနီးရှိ ကြံစိုက်ခင်းကိုသွားကြည့်စဥ် မြေမြုပ်မှိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိ အချိန်အထိ နောင်ချို့မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး သံဘို ကျေးရွာ၊ ဟိုခဲကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ ၀င်ရောက်နေထိုင်လျက်ရှိကာ သံဘိုကျေးရွာအုပ်စု၊ ကုန်း ကြီး ကျေးရွာအုပ်စု၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ဒိုးပင်ကျေးရွာအုပ်စုတို့မှ ဒေသခံ ပြည်သူ ၄၀၀၀ ကျော်သည် နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ အတွင်းရှိ နီးစပ်ရာ နေရာများတွင် စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်များမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၇၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခြေလျင်တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃ နှင့် ခလရ ၂၅၈ တို့ဖြစ်ကြောင်း သိရှိရသည်။
Photo – နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ