Khit Thit သတင်းဌာန၏ မေ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-နေပြည်တော်မှာ ဘုန်းကြီးကျောင်း ၇ ကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ စည်ပင်ပေါင်းပြီး ၊ အတင်းအဓမ္မ ဖျက်ခိုင်းနေတဲ့အပြင် ၊ မဖျက်သိမ်းပါက အရေးယူမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်နေ တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို PDF တပ်ဖွဲ့တွေကနေ မိုင်းဆွဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၇ ဦး သေသွားတယ် လို့ ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– မွန်ပြည်နယ်၊ ကျိုက်မရောဗဟို အကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက လာဘ်ငွေ ယူတာတွေ ၊ ခေါင်းပုံဖြတ်တာတွေနဲ့ ထောင်ထဲမှာ တရားမဝင်မူးယစ်ဆေးဝါး ရောင်းချ ဖြန့်ဖြူးတာတွေ လုပ်နေတဲ့ အပြင် ၊ နိုင်ငံရေးအကျဉ်းသား ဆီကနေ လည်း မတရား ငွေညှစ်တာတွေပါ လုပ်နေတဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။