29 C
Yangon

မြောင်နှင့်ဆောမြို့များတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်းဆောမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာမှ ခြေလျင်စစ်ကြောင်းဖြင့် ထွက်ခွာလာသော စစ်ကောင်စီအင်အား ၅၃ ဦးပါ စစ်ကြေ‌ြာင်းကို ကင်းကျေးရွာနှင့် နဘက် ၊ ရွာသစ်ကြား ငါးပိုအင်း အ နောက်ဖက် တောမပျိုးခင်းချောင်တွင် ယနေ့ နံနက် ၁၀ နာရီ ပတ်ဝန်းကျင်အချိန်တွင် မြောင်မြို့နယ် တော်လှန်ရေးတပ် MRA က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ၊ အလောင်းများကို ရွာသစ်သုဿာန်တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးဘက်မှ ဆောမြို့နယ်တွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသော စခအုပ်စုအား လောင်းရှည်နဲ့ ဆောမြို့ကြားတွင် PDF-SAW နှင့် ညောင်ရမ်းတပ်ဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ မတ်လ၃ ရက်နေ့ ၊ညနေ ၃နာရီ အချိန် PDF-SAW နှင့် ညောင်ရမ်း မဟာမိတ်အဖွဲ့က လက်နက်ကြီး ၄ လုံး ၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီမှ နံနက် ၁၁ နာရီ ဝန်းကျင် အချိန်အထိ PD-SAW နှင့် ညောင်ရမ်း မဟာမိတ် တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း PDF-SAW
ပြည်သူ့ကာကွယ်ရေးတပ်-ဆော(ယောဒေသ)က သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article