27 C
Yangon

မြိုင်နှင့် မတ္တရာ မြို့နယ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး

Must read

မြိုင်နှင့် မတ္တရာ မြို့နယ်တို့တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ခွရွာ၌ ဘုန်ကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ ၁၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၇ ရက်နေ့တွင် မြိုင်မြို့နယ်၊ သရက်ခွရွာ မြောက်ဘက် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံး​ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က စေတီဘေးတွင် အကာအကွယ်ယူကာ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသာ ကျန်ရှိပြီး တပ်ကူများ ရောက်ရှိလာခြင်း၊ စေတီပျက်စီးမည်ကို စိုးရိမ်ခြင်းနှင့် ခဲယမ်းကုန်သွားခြင်းကြောင့် စခန်းသိမ်းနိုင်ခြင်း မရှိဘဲ ပြန်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း၁ ၊ တပ်ရင်း ၂ ၊ တပ်ခွဲ -၁ (ရင်း၁ ) ၊ တပ်ခွဲ -၃ (ရင်း၁ ) ၊ ကိုအောင်ကြီးတပ်ဖွဲ့နှင့် စကြာ်အဖွဲ့ (ပေါက်)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေကြည်ကုန်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပစ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးသွားကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၇ ရက်‌ မွန်းတည့် ၁၂ နာရီခန့်က မတ္တရာမြို့မှ အင်အား ၅၀ ခန့်ဖြင့် မြွေကြည်ကုန်းကျေးရွာဘက် သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်အ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ယနေ့အချိန်အထိ မြွေကြည်ကုန်းကျေး ရွာအတွင်း ဆက်လက်တပ်စွဲထားကြောင်း သိရသည်။

“မြစ်ကူးချောင်းချားဆိုတော့ တိုက်ခိုက်ရတာ ခက်ခဲတယ်ဗျ၊ ခွေးတွေဝင်လာတော့ ပြည်သူတွေက ထွက် ပြေးနေကြရတယ်၊ ဖမ်းခံရတာ မျိုးတော့မရှိဘူး၊ မြွေကြည်ကုန်းရွာမှာပဲ ခွေးတွေက ရှိသေးတယ်၊ သေ သွားတဲ့ခွေး ၂ ကောင်းလဲ မီးမရှို့သေးဘူးလို့ သတင်းရတယ်၊ အကောင်ကြီးလို့လား၊ ဘာလားတော့ မသိရဘူး” ဟု တောကြီးမြွေပွေးခေါင်းဆောင် ဗိုလ်တီကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေပွေးတပ်ဖွဲ့၊ ကောင်းကင်တော်လှန်ရေးအင်အားစု ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့၅ ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စိန်ပန်း နီနီ တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article