မြိုင်မြို့နယ်တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ဆန္ဒပြ
ရန်ကုန်၊ မေ ၂၁
မြိုင်မြို့နယ် အခြေခံ ပညာ အထွေထွေ သပိတ်ကော်မတီနှင့် ကြားကာလ ပြည်သူ့ ပညာရေး ကျောင်းတစ်ကျောင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများပူးပေါင်းကာ ယနေ့ မေလ ၂၁ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
ဆန္ဒပြပွဲတွင် “ဖက်ဒရယ်ပညာရေးတည်ဆောက်လို့ ကျွန်ပညာရေးအမြစ်ဖြတ်ကြစို့” ၊ “စနစ်တခုလုံးဖြိုချနေတာ စနစ်ဟောင်းတွေမကျင့်သုံးနဲ့” ၊ “အရေးတော်ပုံအောင်မြင်ဖို့ နိုင်ရာတာဝန်ထမ်းကြစို့” ၊ “အာဏာရှင်စနစ် မုချကျရှုံးရမည်” စသည့် စာသားများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။