စစ်ကိုင်းမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မတော်တဆမှုများကြောင့် ကလေး ငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ မေ ၂၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး နေမှုများမှ ကင်းလွတ်နိုင်ရေး ထွက်ပြေး တိမ်းရှောင်ရင်း ကလေးငယ် ၁ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူ့ ကာ ကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မေလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ခက်ခအရှေ့ရွာမှာ စစ်ဘေးရှောင် အသက် ၅ နှစ်အရွယ် ကလေးငယ် မောင်ကောင်းသန့်သည် စစ်ဘေးရှောင်ရန် အတွက် ရှေးဟောင်းဘုရားဝင်းထဲတွင် ခိုလှုံနေထိုင်ခဲ့ကြောင်း၊ ထို့နောက် ရှေးဟောင်းဘုရား အုတ်တံတိုင်းပြိုကျစဉ် အုတ်တံတိုင်း ပိ၍ မောင်ကောင်းသန့် သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ မေလ ၂၁ ရက်နေ့ စစ်ကိုင်းမြို့နယ် ပဒူရွာမှ ခက်ခရွာဘက်သို့ စစ်ဘေးရှောင်လာစဉ် လမ်းခရီးတွင် စစ်ဘေးရှောင်များ လိုက်ပါသော ယာဉ် တိမ်းမှောက်မှုဖြစ်၍ မနွေးနွေးသဲ အသက် ၂၇နှစ် (ပဒူရွာ) သေဆုံးခဲ့ကြောင်း ၊ အသက် ၄ နှစ်အရွယ် မရွှန်း၀တီ နှင့် အသက် ၅၆ နှစ်အရွယ် ဒေါ်စန်းအေး တို့နှစ်ဦးမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။