34 C
Yangon

ထားဝယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး သင်္ကန်းတုံးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ထားဝယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး သင်္ကန်းတုံးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ် အရှေ့တောဒေသတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး သင်္ကန်းတုံးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ထားဝယ်စုပေါင်းစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃၁ ရက် နံနက်ပိုင်းက ထားဝယ်မြို့ဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ သော အကြမ်း ဖက်စစ်သားများသည် သင်္ကန်းတုံးကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ကာ ပြည်သူအချို့ကို ဖမ်းဆီးပြီး လူနေအိမ် ၁၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး ပြည်သူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ထားဝယ်ကနေ ၂၈ ရက်နေ့က ဝင်လာတာဗျ၊ ရေဝိုင်းရွာကို သွားတယ်၊ ပြီးတော့ အိမ်တွေ မီးရှို့တယ်၊ ၃၀ ရက်နေ့မှာ ပခပ်ဖက်ပြန်ထွက်တယ်၊ ၃၁ ရက်နေ့မနက်မှာ သင်္ကန်းတုံးရွာထဲဝင်တာဗျ၊ စစ်ကြောင်းခွဲပြီး သွားတယ်ခင်မျ၊ ဓားခံပြည်သူတွေရှိနေတော့ ကျနော်တို့လဲ ဆက်မတိုက်ပဲ စစ်ဆင်ရေး ဖျက်လိုက်ရတာ၊ ခွေးတွေပစ်လို့ ဒဏ်ရာရတဲ့ပြည်သူတွေများတယ်၊ ဆေးရုံကနေတော့ ၂ ဦးပြန်လွတ် လာ တာရှိတယ်၊ ဖမ်းခံရသူလဲ ၂ ဦးရှိတယ်၊ ဒါကကျွန်တော်တို့ အတည်ပြုလို့ရတာပေါ့” ဟု ထားဝယ်စုပေါင်းစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၁ လုံးအနက် ၇ လုံးမှာ ပြာကျသွားကြောင်း၊ အကြမ်းဖက်စစ်သားများကို သွားရောက်တိုက်ခိုက်ခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ဓားစာခံပြုလုပ်ထား သည့် ပြည်သူများရှိနေသဖြင့် ပြည်သူများ၏ လုံခြုံမှုအတွက် စစ်ဆင်ရေးကို ဖျက်သိမ်းလိုက်ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကြောင်းများဝင်ရောက်လာပါက ဘေးကင်းလုံခြုံသည့်နေရာ သို့ ပြောင်းရွှေ့နေထိုင်ပေးကြပါရန် ထားဝယ်စုပေါင်းစစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

Photo – စစ်တပ် မီးရှို့ဖျက်ဆီးသွားသော သင်္ကန်းတုံးရွာမှ ပြည်သူပိုင် နေအိမ်များကို တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article