28 C
Yangon

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေပြီး ကျေးရွာ ၁၀ ရွာကျော်က ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသနေပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၄ ရက် နံနက် ၆ နာရီကျော်ခန့်က ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာရှိ ပြည်သူတစ် ဦးကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်မှ စစ်ကိုင်းမြို့ နယ်၊ တလိုင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ တလိုင်းကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ကျော်က ပြည်သူထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရ သည်။

“ဝက်လက်နဲ့ စစ်ကိုင်းကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်၊ တိုက်ပွဲထဲမှာ နှစ် ဖက်ထိခိုက်ကျဆုံးမှုကတော့ မသိရသေးဘူး၊ အဲဒါပြီးတော့ တလိုင်းရွာကို စစ်တပ်က ဝင်လာတပ်စွဲနေ တာ၊ အနီးအနားက ရွာတွေအကုန်ထွက်ပြေးနေရကြရတယ်၊ ၁၀ ရွာ မကဘူး” ဟု ဒေသနေပြည်သူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဇွန်လ ၃ ရက်နေ့က ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာနေ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကို ခေါင်းဖြတ်သတ်ကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ပြေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကိုလည်း ရိုက်နှက်နှိပ် စက်ခဲ့ကြောင်း၊ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ခတ်ရာ ပေါင်ကျည် ထိ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့နောက်ဓားစာခံပြည်သူများကို ဖမ်းဆီးကာ စစ်ကိုင်းမြို့နယ်အတွင်း စစ် ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ညနေ ၄ နာရီကျော်အချိန်က အကြမ်းဖက်စစ်သား ၅၀ ကျော်သည် စစ်ကိုင်း မင်းကွန်းလမ်း ပေါ်ရှိ ပယ်ငါးဆယ်ရွာဘက်မှ မြစ်ဘက်ဆင်းကာ သင်္ဘောတစီးဖြင့် မင်းကွန်း ပုထိုးတော်ကြီး တောင် ဘက် ရွှေပန်းမြိုင် ဘုန်းကြီးကျောင်းထဲရောက်ရှိလာပြီး စခန်းချတပ်စွဲနေကြောင်း၊ မေလ ၁၉ ရက်နေ့က စတင် စစ်ကြောင်းထိုးပြီး ပဒူရွာ၌ အထိုင်ချတပ်စွဲ ထားကာ နေအိမ်များကို မီးရှို့ နေသော အကြမ်းဖက် စစ်သားများသည်လည်းဆက်တပ်စွဲထားထားသဖြင့် ပြည်သူများ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေး ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article