“MDY PDF အနေနဲ့လည်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့တော့ အင်မတန်မှ နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။ အဓိက စစ်ရေး ကူညီပံ့ပို့ပေးနေတဲ့ စစ် ပညာရော လက်နက်ခဲယမ်းကူညီပံ့ပိုးမှုတွေရော အများစုလုပ်ပေးနေတာကတော့ ကျွန်တော်တို့ရဲ့ PSLF/ TNLA ပေါ့ “
MDY PDF စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနှင့် တွေ့ဆုံခြင်း အပိုင်း ၁
By ရန်ကုန်ခေတ်သစ်
စစ်အာဏာရှင် ကျဆုံးရေးဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တိုက်ပွဲတွေကို ထိပ်ဆုံးကနေ အင်အားကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့က သပိတ်အင်အားစု လူငယ်တွေက အခုဆိုရင် အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေပြီ ဖြစ်ပါတယ်။
တပ်သားပေါင်းများစွာနဲ့ စုဖွဲ့မှုခိုင်ခိုင်မာစွာဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးအဖြစ်နဲ့ စစ်အာဏာရှင်ကို ကြံ့ကြံ့ခံတော်လှန်နေတာ ၂ နှစ်ကျော်လာပြီပဲ ဖြစ်ပါတယ်။ မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရဖို့အတွက် လူငယ်တွေဟာ အသက်ကို ပဓာနမထားဘဲ ရှေ့တန်းကနေ ရွံ့ရွံ့ချွံ့ချွံ့တော်လှန်နေတာပဲ ဖြစ်ပါတယ်။
အခုလို မန္တလေးမြို့ကို ပြည်သူတွေ ပြန်ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြည်တော် ပြန်ဝင်နိုင်ရေးစစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ ပြည်တော်ဝင် ပရောဂျက်အကြောင်း ၊ အကြမ်းဖက်စစ်တပ်ကို ရက် ၂၀ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်သား ၁၀၀ ကျော် ကျဆုံးခဲ့တဲ့ သပြေညို စစ်ဆင်ရေးအပါအဝင် စစ်ဆင်ရေးတွေ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော် မန္တလေးရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခ့ ကိုမုန်တိုင်းကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းကြည့်ပါမယ်။
မေး ။ ။ အခု ပထမဆုံးမေးချင်တဲ့ မေးခွန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး အဖြစ်နဲ့ ဖွဲ့စည်းတည်ထောင်ဖြစ်တာဟာ ဘယ်လောက် သက်တမ်းရှိပြီလဲရှင်။ ဘယ်လိုတွေ ကြိုးစား ရုန်းကန်ပြီး ရပ်တည်ခဲ့ရပါသလဲရှင့်။ တော်လှန်ရေးတပ်မတော် တစ်ရပ်အနေနဲ့ ဘယ်လောက်အထိ ပီပီပြင်ပြင်ရှိလာပြီလဲရှင့်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦးရှင်။
ဖြေ။ ။ ကျွန်တော်ကတော့ ကိုမုန်တိုင်းဖြစ်ပါတယ်။ မန္တလေး PDF မှာတော့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှု တာဝန်ခံအဖြစ် ဆောင်ရွက်နေပါတယ်။ အခု ကျွန်တော်တို့ စတင်စုဖွဲ့လာတာ ၂ နှစ်ကျော် ကာလကို ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ကတော့ စတင်စုဖွဲ့စဉ်ကာလကတော့ ကျွန်တော်တို့တွေ MDY PDF အနေနဲ့ စနစ်တကျ စုဖွဲ့မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ COC ( Chain of Command) စီမံချက် အသစ်ဝင်တဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် ၊ လေ့ကျင့်ရေးပြည့်ဝတဲ့ စစ်စည်းကမ်းကောင်းမွန်သည့် ကျင့်ဝတ်တွေကို တကယ်လေးစားလိုက်နာတဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် ၊ ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးနေတဲ့ စစ်တပ်ကို ရွံ့ရွံ့ချွံချွံ့မောင်းထုတ်နိုင်တဲ့ တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်ပြင်ဆင်ပြီးတော့ စနစ်တကျ စုဖွဲ့မှုတွေနဲ့ တည်ဆောက်လာခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ MDY PDF ရဲ့ နောက်ခံအကြောင်းလေးကို အနည်းငယ်ရှင်းပြရရင်တော့ ကျွန်တော်တို့သည် မန္တလေး သပိတ်အင်အားစုမှာ ပါဝင်ခဲ့တဲ့ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတယ်လို့ အကြမ်းဖျင်း ပြောပြရင် ရပါတယ်။
ကျွန်တော်တို့ သပိတ်အင်အားစုတွေနဲ့ သပိတ်တိုက်ပွဲတွေ ဆင်နွှဲပြီးနောက်ပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်ရေးက နောက်တစ်ဆင့် မြှင့်ဖို့ အချိန်ကျပြီုဆိုတဲ့ စဉ်းစားချက်ထွက်ပေါ်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ MSDF ဆိုတဲ့ နာမည်နဲ့ ၃ လပိုင်းမှာ စတင်ပြီး လှုပ်ရှားဖြစ်ပါတယ်. အဓိကကတော့ ပြည်သူလူထုကို မထိခိုက်ရဘူး ၊ စစ်အာဏာရှင်ကို ဖြုတ်ချဖို့နဲ့ စကစရဲ့ အဓိက ပစ်မှတ်တွေကိုပဲ တိုက်ခိုက်ရမယ်ဆိုတဲ့ မြို့ပြလှုပ်ရှားမှုတွေနဲ့ စတင်ပြီးတော့ သန္ဓေတည်ခဲ့တယ်လို့ အကြမ်းဖျဉ်း ပြောရင် ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ၂၀၂၁ ၅ လပိုင်းထဲမှာတော့ ကျွန်တော်တို့တွေ မြို့ပြပျောက်ကျား တွေလည်း လုပ်တယ်၊ ဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ တပ်ရင်းတပ်မတွေ စုဖွဲ့ရမယ်ဆိုတဲ့ စဉ်းစားချက် ထွက်ပေါ်လာပြီး နောက်ပိုင်း ကျွန်တော်တို့ စည်းဝေးထိုင်ပြီးနောက်ပိုင်းမှာတော့ အထိုငတပ်ရင်း တပ်မတွေ စုဖွဲ့ဖြစ်ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့တွေ စနစ်ကျစုဖွဲ့မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ဒီ Military Institution ဆိုတဲ့ ကျွန်တော်တို့ တကယ်ကို တပ်မတော် တစ်ရပ်အသွင်နဲ့ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ရပ်ပီပီပြင်ပြင်ပေါ်ထွက်လာနိုင်အောင် တည်ဆောက်ပါတယ်။ အဲဒီတော့ အားသာချက် အားနည်းချက် ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်တွေ ပြောရရင်တော့ တပ်ဖွဲ့ စတင်တည်ဆောက်ချိန် ကျွန်တော်တို့က တပ်တည်ဆောက်ရေးကို အဓိက အလေးပေးပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။
အဓိကကတော့ ကျွန်တော်တို့တွေ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ရန်သူကို ကျွန်တော်တို့တွေ အထင်မသေးဖို့ နံပါတ် ၁ လိုအပ်တယ်။ ကျွန်တော်တို့ စစ်ရေးပြင်ဆင်လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်တဲ့အခါမှာ တတ်နိုင်သမျှ သတင်းလျှို့ဝှက်မှုကလည်း အရေးကြီးတာဖြစ်တဲ့အတွက် ပြင်ဆင်မှုတွေ မပြီးခင်မှာ တတ်နိုင်သမျှ သိုသိုသိပ်သိပ်နဲ့ပဲ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို တပ်တည်ဆောင်ရေးကိစ္စတွေ လုပ်ဆောင်နေရင်းမှာပဲ တိုက်ပွဲတွေလည်း အဆက်မပြတ်ဖော်ဆောင်ခဲ့ တာမျိုးတွေ ရှိပါတယ်။ တိုက်ပွဲဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ တတ်နိုင်သမျှ သတင်းထုတ်ပြန်မှုတွေ မလုပ်ဘဲနဲ့ ကျွန်တော်တို့တွေ တိုက်ရင် သင်၊ သင်ရင်းတိုက်သဘောမျိုးနဲ့ပဲ ကျွန်တော်တို့တွေ အဓိကထားပြီး ဆောင်ရွက်ခဲ့ပါတယ်။
ဒီလို လုပ်ဆောင်နေတဲ့ ကာလမှာပဲ ကျွန်တော်တို့တွေ တပ်တည်ဆောက်ရေးလည်း လုပ်၊ တိုက်ပွဲငယ်တွေလည်း ဖော်ပေါ့။ အဲဒီတော့ ကျွန်တော်တို့မှာ အဓိက အခက်အခဲကတော့ ၂ ခု ကြုံရတယ်။ နံပါတ် ၁ ကတော့ တပ်တည် ဆောက် ရေးလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ စနစ်တကျ စုဖွဲ့မှုခေါင်းစဉ်အောက်မှာ ကျွန်တော်တို့တွေ လုပ်ကြတယ်။ လုပ်တဲ့အခါမှာ စည်းကမ်းကောင်းမွန်ဖို့ ကျင့်ဝတ်တွေ လေးစားလိုက်နာဖို့ဆိုတဲ့ ကိစ္စက အပြောလွယ်ပါတယ်။ အလုပ်တော့ ခဲယဉ်းပါတယ်။
ကျွန်တော်တို့ မန္တလေး အင်အားစုက လာကြတဲ့ လူငယ်တွေ အများစုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အဓိက ရင်ဆိုင်ရတဲ့ ပြဿနာက ဘာလဲဆိုတော့ မြို့ပြ အရေခွံ မချွတ်နိုင်ကြဘူး၊ နောက်တစ်ခုက ပညာတတ် အရေခွံမချွတ်နိုင်ကြဘူး။ အဲဒါက အဓိက ထားပြီးတော့ ကြုံတွေ့ရတဲ့ပြဿနာ ၂ ခုပေါ့။ နောက်တစ်ခုက အပြင်းအထန်ဆုံးက ဘာလဲဆိုတော့ အမိန့်တွေ အာဏာတွေ မကြိုက်လို့မှ ငါတို့က လက်နက်ကိုင်တော်လှန်ရေးကို ဝင်ဖို့လာတာ ။
ဒီရောက်မှ အမိန့်တွေ အာဏာတွေနဲ့ တွေ့ရတယ်ဆိုတဲ့ အလွယ်တကူ ပြောဆိုတဲ့ စကားမျိုးနဲ့ အများစု ရင်ဆိုင်ရပါတယ်။ အဓိကကတော့ ကျွန်တော်တို့တွေက မြို့ပြ အရေခွံမချွတ်နိုင်ဘူးဆိုတဲ့စကားက ဘာလဲဆိုတော့ ကျွန်တော်တို့ က ပေါများမှု အလွယ်တကူ ရလာတာဆိုတော့ တောထဲမှာ တကယ့်ကို စစ်ဆင်ရေးကိစ္စတွေ စစ်သင်တန်းကိစ္စတွေ ရင်ဆိုင်ရတဲ့အခါမှာ ခြိုးခြိုးခြံခြံချွေချွေတာတာနဲ့ ရင်ဆိုင်ရတယ်။ တကယ့်ကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရတဲ့အခါမှာ ကျွန်တော်တို့တွေ လိုချင်သလောက် မရတဲ့အခါမှာ ၊ မြို့ပြ အရေခွံကို မချွတ်နိုင်တဲ့အခါမှာ ဒီ ပေါများမှု ဒဏ်ကြောင့် ပြဿနာ အများကြီး ကြုံရတယ်။
နောက်တစ်ခုကတော့ ပညာတတ်အရေခွံပေါ့။ ခုနပြောတဲ့ စကားအတိုင်းပဲ ပညာတတ်အများစုဖြစ်တော့ နောက်ဆုံးတိုင်းတာတာက စစ်သင်တန်းတွေမှာဆိုရင် ကျွန်တော်တို့က စစ်သင်တန်းရဲ့ သဘောတရားအရ နောက်ဆုံးတကယ်ခက်ခဲမှုကို ရင်ဆိုင်နိုင်ဖို့အတွက်ကို လေ့ကျင့်ပေးတာဖြစ်တဲ့အတွက် ပညာတတ်ပေတံနဲ့ တိုင်းမယ်ဆိုရင်တော့ ဟိုဟာဆိုရင်တော့ ဘယ်စံနှုန်းနဲ့ မညီဘူး။ ဒီဟာကတော့ လူ့အခွင့်အရေးနဲ့ မညီဘူး စသည်အားဖြင့်ပေါ့လေ ပေတံမျိုးစုံနဲ့တိုင်တာမျိုး ကြုံရတယ်။
အဲဒီအခါမှာ ကျွန်တော်တို့သည် တပ်မတော် တစ်ရပ်အသွင် တကယ့်ကို ကျင့်ဝတ်အားကောင်းတဲ့ တပ်မတော် တစ်ရပ်အသွင်သွားမယ်ဆိုရင် ဒီ အရေခွံကို မချွတ်နိုင်တဲ့အခါမှာ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်ရပါတယ်။ နောက်တစ်ခုကတော့ ခုနပြောတဲ့ဟာပေါ့ ကျွန်တော်တို့က တိုက်ပွဲအောင်ဖို့အတွက် စစ်တပ်နိုင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ ရဲဘော်တွေသည် တကယ်ကျင့်ဝတ်တွေနဲ့ အမိန့်နာခံမှုကောင်းတဲ့ တပ်မတော်တစ်ရပ် ဖြစ်ဖို့ လိုအပ်တယ်။
အမိန့်နာခံမှုဆိုတာ ဒီတော်လှန်ရေးပေါ်မှာ ဒီတော်လှန်ရေးကို ရှေးရှုတဲ့ အမိန့်တွေဆိုရင်တော့ ဘယ်ဟာမဆို နားထောင်ရမယ်။ ကျွန်တော်ဆိုရင် ကျွန်တော့် တပ်ထဲမှာ ကျွန်တော်တို့ ရဲဘော်တွေနဲ့ ပြောဖြစ်တာက နံပါတ် ၁ အမိန့်ပေးသူသည် သူ့ရဲ့ ကိုယ်ကျိုးအတွက် အမိန့်ပေးတာ မဟုတ်ဘူး။ နံပါတ် ၂ ပြည်သူလူထုကို မတရား ညှဉ်းပန်းနှိပ်စက်ဖို့၊ အနိုင်ကျင့်အတွက် ပေးတဲ့ အမိန့်တွေ မဟုတ်ဘူး။ နံပါတ် ၃ တော်လှန်ရေးကို ရှေးရှုပြီးတော့ တော်လှန် ရေးအတွက် ရည်ရွယ်တဲ့ အမိန့်တွေ ဆိုရင် ထိုင်ဆိုလည်း ထိုင် ထဆိုလည်း ထရမယ်။
ဒါမှသာလျှင် စစ်တိုက်လို့ ရမယ်ဆိုပြီး ကျွန်တော်တို့ ပြောရတဲ့အနေအထားမျိုးအထိ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေ အနေနဲ့ လူတွေက အစပေါ့လေ ။ လူတွေကို Management လုပ်တာက အစ ဘယ်လူတွေကို ဘယ်နားမှာ ပြန်သုံးမယ်ဆိုတာအထိ တော်တော်လေး ခေါင်းကိုက်ရတဲ့ ကိစ္စပါ။ အဲဒီတော့ တပ်တည်ဆောက်ရေးကိစ္စဆိုတာ ပြောသလောက်လည်း မလွယ်ပါဘူး။
ကျွန်တော်တို့ အများစု ပြောကြတဲ့ COC တစ်ရပ် အသက်ဝင်ရေး ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ရပ်အသွင်တည်ဆောက် ပြီး ဒီလို ကျင့်ဝတ်တွေကို လိုက်နာတယ်။ စစ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်တဲ့ အမိန့်နာခံမှု အားကောင်းတဲ့ တပ်မတော်တစ်ရပ်ကို တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့ဆိုရင် နောက်ထပ် မေးခွန်းပေါင်း သောင်းခြောက်ထောင်ကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ရပါတယ်။
ကျွန်တော်တို့ အဓိကကတော့ မတိုက်တော့ဘဲနဲ့တပ်တည်ဆောက်ရေးပဲ လုပ်မှာလား နောက်ဆုံး ဘင်ခရာ တပ်ဖွဲ့ပဲ ထောင်တော့မှာလား စသည်အားဖြင့် အလှူခံဖို့အတွက်ကိုပဲ လုပ်တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ရပါတယ်။ ကျွန်တော်တို့ ဒီလို ရင်ဆိုင်ကျော်ဖြတ်ပြီး အခုချိန်မှာဆိုရင်တော့ ပြည်သူလူထုကိုလည်း ကောင်းကောင်းချပြနိုင်ပြီ။ တော်လှန်ရေး အင်အားစုတွေ ကြားမှာလည်း ပြောနိုင်တယ် ဘာလဲလို့ ။
စနစ်တကျ စုဖွဲ့မှုနဲ့ တကယ့်ကို တည်ဆောက်ခဲ့တဲ့ အကျိုးရလဒ်က ပြင်ဦးလွင်နဲ့ နောင်ချိုကြားထဲမှာ ကပ်ပြီးတော့ သပြေညိုစစ်ဆင်ရေးကို ရက် ၂၀ ကျော် အထိ တကယ် သမားရိုးကျ စစ်ကို ဖော်ဆောင်နိုင်ခဲ့တယ်ပေါ။ အဲဒီတော့ ဒီ တိုက်ပွဲလိုမျိုး ဖော်ဆောင်တာသည် ကျွန်တော် ထင်တယ် ပြောသလောက် မလွယ်ပါဘူး။ ဒီ သပြေညိုစစ်ဆင်ရေးလုပ်စဉ် ကာလမှာဆိုရင် ကျွန်တော်တို့ရဲဘော်တွေ ဆိုရင် ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ဒုတိယကမ္ဘာစစ် ဇာတ်ကားတွေမှာ ကြည့်ရသလို ခံစစ်လိုင်းကြီးတွေ တူး ကတုတ်ကျင်းကြီးတွေ တူးပြီးတော့ ဟိုဘက်ဒီဘက် ပစ်ကြတာပဲ။
နောက်ဆုံးရဲဘော်တွေ ပြောတာဆိုလို့ရှိရင် ကုန်းတစ်ကုန်းဆိုရင် ကျွန်တော်တို့က ဘာကုန်းလို့ ပြောထားလဲဆိုရင် အိပ်မက်ဆိုး ကုန်းပေါ့။ မျက်စိထဲ မြင်အောင်ပြောရရင် ကုန်းပြောင်ကြီး၊ မျက်စိထဲ မြင်အောင်ပြောရရင် အလယ်ပိုင်းမှာဆိုရင် မြင်းခြံတို့ နွားထိုးကြီးတို့ အဲဒီ ဘက်တွေ သွားမယ်ဆိုရင် ကျက်တီးကုန်းကြီးတွေ တွေ့မှာပါ ။ ဘာပင်မှ သိပ်မပေါက်ဘူး။
နောက်ဆုံးထနောင်းပင်လောက်ပဲ ပေါက်တဲ့ ကုန်းကြီးတွေ ၊အဲဒီလို ကုန်းလို နေရာမျိုးကြီးမှာ ဘာပင်မှ မရှိတဲ့ နေရာတွေမှာ တိုက်ပွဲ ဖန်တီးရတယ်။ ဖန်တီးတဲ့အခါမှာ လက်နက်ကြီးက မိုးရွာသလို ကျတယ်။ အဲဒီ မိုးရွာသလို ကျတာကို ကြံ့ကြံ့ခံပြီးတော့ ကျွန်တော်တို့ ရက် ၂၀ ကျော်ကြာ တိုက်ပွဲ ဖြစ်တယ်။ နောက်ဆုံး စကစ ဘက်က ဦးဆောင်တဲ့ ဗျူဟာမှူးက အစ လက်ဖြတ်ရတယ်။ တပ်ရင်းမှူး ၂ ယောက်ကျတယ်။ တစ်ယောက်က အလောင်းရခဲ့တဲ့အထိ ကျွန်တော်တို့ အနိုင်နဲ့ ရခဲ့တဲ့ တိုက်ပွဲမျိုးကို ဖော်ဆောင်နိုင်ခဲ့တယ်ပေါ့။
ဒါသည် ကျွန်တော်တို့ ဘယ်လောက်အထိ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ခဲ့တယ်၊ ထိုးစစ်ကို ကျွန်တော်တို့ ထိုးစစ်ကို PDF တွေထဲမှာ ပြင်းပြင်းထန်ထန် စခဲ့တဲ့ အဖွဲ့အစည်း PDF လို့တောင် အကြမ်းဖျင်းအားဖြင့် ပြောရင် ရပါတယ်။ ဒီလို ရင်ဆိုင်လာနိုင်တာသည် စနစ်တကျ စုဖွဲ့မှု၊ COC အလေးပေးတည်ဆောက်ခဲ့တယ်။ တိုက်ပွဲငယ်တွေကို တကယ်ကို စနစ်တကျပြင်ဆင်ရင်း အတွေ့အကြုံယူရင်း သင်ရင်းတိုက် တိုက်ရင်းသင်ဆိုတာတွေ ဖြတ်ကျော်ခဲ့တဲ့အတွက် ကျွန်တော်တို့တွေ ဒီလို ဖြတ်ကျော်နိုင်ခဲ့တာပါ။ ဒါက အကြီးမားဆုံး ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲပါ။ ဒုတိယအခက်အခဲက ကျွန်တော်တို့ MDY PDF စုဖွဲ့ပြင်ဆင် လေ့ကျင့်ခဲ့ရတဲ့ နယ်မြေက စစ်ကိုင်း မကွေးမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ မတူပါဘူး။ ဒါက ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ဟာက အကြီးမားဆုံးအနေနဲ့ တစ်ခုအနေနဲ့ပါပါတယ်။
ကျွန်တော်တို့ တော်လှန်ရေး ပံ့ပိုးပေးနေတဲ့ အိမ်ရှင် မဟာမိတ်ရဲ့ ကူညီပံ့ပိုးမှုတွေက အားမကောင်းဘူးဆိုရင် ကျွန်တော်တို့ ဒီလောက်ထိ တော်လှန်ရေး လုပ်ငန်းတွေ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဘာကြောင့် မတူဘူးလို့ ပြောရလဲဆိုရင် အကြမ်းဖျင်းအားဖြင့် အနည်းငယ် ရှင်းပြချင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ အခြေချထားတဲ့ ရှမ်းမြောက်သည် မြန်မာပြည်ရဲ့ ပြည်တွင်းစစ် နှစ် ၇၀ မှာ အဆိုးဝါးဆုံးရင်ဆိုင်ခဲ့တဲ့ ဒေသတွေလို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။
အဲဒီတော့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို နှစ်ရှည်လများ အဆိုးရွားဆုံးရင်ဆိုင်လာရတဲ့ ဒေသတွေဖြစ်တဲ့အတွက် သူနဲ့အတူ မွေးရာပါ ပါလာတာက ဆင်းရဲမွဲတေမှုပါ။ အဲဒီတော့ ဆင်းရဲမွဲတေမှုဒဏ်ကို ကြံ့ကြံ့ခံ အလူးအလဲရင်ဆိုင်ရတဲ့ ဒေသတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့တွေ ပြည်သူလူထုရဲ့ ရုပ်ပိုင်းဆိုင်ရာအရ ပူးပေါင်းပါဝင်မှုကတော့ အင်မတန်မှ အားနည်းပါတယ်။
စစ်ကိုင်း မကွေးမှာလို ကျွန်တော်တို့ တိုက်ပွဲ ဖြစ်မယ်။ ဒီရွာနားလေးမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် အဲဒီရွာက လူတွေက ထမင်းထုပ်ထွက်ပို့ဆိုတဲ့ ဟာမျိုးလောက်အထိတော့ မဖြစ်ဖူးပေါ့လေ ။ သူ့ဟာနဲ့သူတောင် ရပ်တည်ရေးအတွက် အနိုင်နိုင်ရုန်းကန်ရတဲ့ ပြည်တွင်း စစ်ဒဏ်ကို အလူးအလဲခံရတဲ့ ဒေသတွေဖြစ်တော့၊ နောက်ပြီးတော့ အားမကောင်းဘူး။ ဒါပေမဲ့လည်း စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအရကတော့ အင်မတန်မှ အားကောင်းပါတယ်။
ဘာကြောင့် ဒီစကားကို ပြောလဲဆိုရင် ဒီနယ်မြေသည် ERO ပေါင်းစုံရော ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့နေရာပေါ့။ စကစရောပေါ့။ ကျင်လည်ကျက်စားနေတဲ့ ဒေသပါ။ ဟိုစကားကို သုံးရမယ်ဆိုရင် ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးတယ်။ ရှင်ငယ်ဝမ်းလည်း နေခဲ့ဖူးတယ်ဆိုတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖက်ဆစ်စစ်တပ်ပဲ ဖြစ်ဖြစ် ဘယ်လိုပေါင်းရမယ် ဘယ်လို သင်းရမယ်ဆိုတဲ့ ကောင်းကောင်းသိထားတဲ့ နယ်မြေတွေ။ ဒါပေမဲ့ မတူတာ တစ်ခုရှိတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့ PDF တွေ လာပြီဆိုရင် အင်မတန်မှ စိတ်လိုလက်ရရှိတယ်။ ကျွန်တော်တို့ကို ချစ်ခင်လေးစားတဲ့ စိတ်နဲ့ ဆက်ဆံတယ်။
တတ်နိုင်သမျှ နုတ်အားဖြင့်ရော စိတ်အားဖြင့်ရော ကူညီနိုင်တာလေး သူတို့နိုင်သမျှ အသင့်ရှိတယ်။ နဂိုကျွန်တော်တို့ ရင်ဆိုင်ရတဲ့ဟာသည် စကစ စစ်တပ်နဲ့ PDF ဆိုရင် အကြမ်းဖျင်းအားဖြင့် ဗမာအများစု ။ မင်းတို့ ဗမာတွေ ၊ မင်းတို့ ဗမာတွေဆိုတဲ့ ကိစ္စ မရှိဘူးပေါ့။ ကျွန်တော်တို့ ဘာပဲ ပြောပြော အင်မတန်မှ စိတ်ချမ်းသာစရာကောင်းတယ်။ ဟာ PDF တွေ စကစနဲ့ မင်းတို့နဲ့က မတူဘူး စသည်အားဖြင့် ဒါမျိုးပေါ့။ ကူညီပံ့ပိုးမှုက ဒါမျိုးပေါ့။ ဒါမျိုးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အချုပ်အားဖြင့် ကျွန်တော်တို့တွေ ဒီဘက်မှာ လှုပ်ရှားပြင်ဆင်ရတာသည် ခြေကနေ ခေါင်းအစ ကိုယ့်ခြေကိုယ့်လက်ပဲ ။ စားရေးသောက်ရေး နေရေးထိုင်ရေးက အစ အင်မတန်မှ ကို ကုန်ကျစရိတ်က ကြီးမားပါတယ်။
ရန်သူရဲ့ ဝန်းရံပိတ်ဆို့မှုတွေကြောင့် သယ်ယူပို့ဆောင်ရေးက အင်မတန်မှ ခက်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင် ဒီတော်လှန်ရေးက ငွေလမ်းဖြတ်လျှောက်ရသလို ဖြစ်ပါတယ်။ အဲဒီတော့ MDY PDF တွေ ရုန်းကန်ရတဲ့ အခက်အခဲတွေထဲမှာ ဒါက အကြီးမားဆုံး အခက်အခဲတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ကျွန်တော်တို့ အတော်လေးကို စားရေးသောက်ရေးက အစ ပြည်သူလူထုထံကို တိုက်ရိုက်အလှူခံတဲ့ဟာတွေ မရှိခဲ့ဘူးပေါ့။
တတ်နိုင်သမျှ ခြိုးခြိုးခြံခြံ ချွေချွေတာတာနဲ့ပဲ ရုန်းကန်ရတယ်ဆိုတော့ ခက်ခက်ခဲခဲနဲ့ပဲ ၂ နှစ်ကျော်ကာလအတွင်းကို ဖြတ်သန်းခဲ့ရပါတယ်။ အဓိကကတော့ ဒီနေရာမှာ ထပ်ပြီးတော့ ပြောချင်တာက ကျွန်တော်တို့ MDY PDF အနေနဲ့ ERO နဲ့ ဆက်ဆံရေးပဲ ပြောကြပါစို့။ ကျွန်တော်တို့ MDY PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ ကွပ်ကဲမှုအောက်မှာ အဓိက တာဝန်ထမ်းဆောင်တဲ့ တော်လှန်ရေး အင်အားစုပဲ ဖြစ်တယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အားလုံးလည်း သိပြီးဖြစ်တယ်။ ကျွန်တော်တို့ ERO တွေ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အင်မတန်မှ ဆက်ဆံရေးကောင်းပါတယ်။ အဲဒီလိုပဲ MDY PDF အနေနဲ့လည်း မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့နဲ့တော့ အင်မတန်မှ နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။ အဲဒီလို ပဲ အဓိက စစ်ရေး ကူညီပံ့ပို့ပေးနေတဲ့ စစ်ပညာရော လက်နက်ခဲယမ်းကူညီပံ့ပိုးမှုတွေရော အများစုလုပ်ပေးနေတာကတော့ ကျွန်တော်တို့ရဲ့ PSLF/ TNLA ပေါ့။ ကျွန်တော်တို့ရဲ့ မဟာမိတ် အိမ်ရှင်ပေါ့။
ကျွန်တော်တို့ကို အားသွန်ခွန်စိုက် ကူညီပါတယ်။ သူတို့ရဲ့ ကူညီပံ့ပိုးမှုတွေသာ မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ MDY PDF အနေနဲ့ ခုနပြောတဲ့ သမရိုးကျစစ်ပွဲ လိုဟာမျိုး ရက် ၂၀ ကျော်လောက် လေယာဉ်နဲ့ တရစပ် အကြိမ် ၄၀ ကျော်လောက် လေကြောင်းတိုက်ခိုက်မှုရှိမယ်။ လက်နက်ကြီး ပစ်ခတ်မှုက မိုးရွာသလိုပဲ တစ်မိနစ် တစ်လုံးလောက်ပစ်တယ်။
လူအင်အားကိုလည်း ၂၀၀၀ လောက်သုံးပြီးတော့ ထိုးစစ်ဆင်တယ်။ ကျွန်တော်တို့ကလည်း ထိုးစစ်ဆင်တယ်။ အဓိကက ကျွန်တော်တို့ ထိုးစစ်ဆင်တာပေါ့။ သူတို့ဘက်ကလည်း အပြန်အလှန်ထိုးစစ်ဆင်တယ်။ အဲဒီလို ဘတစ်ပြန် ကျားတစ်ပြန်တိုက်တဲ့ တိုက်ပွဲမျိုးကို ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘာပဲ ပြောပြော ရှင်သန်ဖြတ်သန်းရတဲ့ အခြေအနေနဲ့ ပထဝီအနေအထားတွေ မတူတဲ့ အတွက်ကြောင့်မို့ ကုန်ကျစရိတ်တွေရော စစ်တပ်တစ်တပ်အသွင် တကယ်ကို ပြည်သူအားကိုးတဲ့ တပ်မတော်တစ်ရပ်တည်ဆောက်တဲ့အခါမှာ ခုနပြောတဲ့ လူငယ်အများစုဖြစ်တဲ့အတွက် လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေက အစ ခြိုးခြံနေထိုင်ရတာ ဖြစ်တဲ့အတွက် နောက်ဆုံးတော့လည်း အိမ်လွမ်းဝေဒနာ ပေါ့ဗျာ။
ဒါမျိုးကိစ္စတွေက အစ ခက်ခက်ခဲခဲရင်ဆိုင်ရတာဆိုတော့ ဒီနေ့ ဒီအချိန်မှဦ ပြည်သူလူထုရှေ့ကို မားမားမတ်မတ်ရပ်တည်လာနိုင်တဲ့အထိက စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။
မေး။ ။ ဆက်လက်ပြီး မေးချင်တဲ့ မေးခွန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးကို တအောင်း ပလောင် တပ်က အဓိက အနေနဲ့ စစ်ပညာသင်ပေးတာအပြင် တခြား အကူအညီတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်ရှင်။ လက်ရှိ MDY PDF ရဲ့ အခြေအနေနဲ့ ရပ်တည်မှုပိုင်းအခြေအနေတွေကို ပြည်သူတွေ သိရှိအောင်အတွက် ၊ ပြည်သူတွေဘက်က ဘယ်လိုတွေများ အကူအညီပေးလို့ရမလဲ ဒါတွေနဲ့ ပတ်သက်ပြီး သိရှိအောင်လည်း ရှင်းပြပေးပါဦးရှင်။
ဖြေ။ ။ ကျွန်တော်တို့ အဓိကက အမှန်အတိုင်းပြောရရင်တော့ဗျာ။ စစ်ပွဲမှာ သုံးမယ့် ပိုက်ဆံတွေကို ပညာရေးမှာ သုံးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအကောင်းဆုံးပဲ။ ကျွန်တော်တို့ ဖြစ်ချင်တာလည်း ဒီအိပ်မက်ပဲ။ လွတ်လပ်မှုတို့ တန်းတူညီမျှမှုတို့ ကျွန်တော်တို့ လိုချင်တဲ့ အနာဂတ် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့ တိုင်းပြည်တည်ဆောက်ရေးမှာ ဒီပိုက်ဆံတွေက သုံးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့လည်း စစ်ပွဲတစ်ပွဲရဲ့ကုန်ကျစရိတ်ကလည်း အင်မတန်မှ များတယ်။
သပြေညိုစစ်ဆင်ရေးလို ကျွန်တော်တို့ ပြန်ပြီးတော့ ခဲယမ်းစရိတ်တွေရော လက်နက်ကြီးတွေရော ခဲယမ်းဘာညာဆိုရင်လည်း MOD ရဲ့ ပံ့ပိုးမှုတွေ မဟာမိတ်တွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ထိုးစစ်ကို စနေတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ တွက်ကြည့်တာ ခဲယမ်းဖိုးတွေရော သိန်းပေါင်း ၁၈၀၀၀ လောက် ကုန်တယ်။ ဒီလို သမရိုးကျစစ်ပွဲ ကိုလုပ်တဲ့ အခါ သိန်းပေါင်း ၁၈၀၀၀ လောက်အထိကို ခဲယမ်းဖိုးတွေက ကုန်တယ်။
အဲဒီလိုပဲ MDY PDF ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ လည်ပတ်နေတဲ့ ကုန်ကျစရိတ်ကို တွက်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ လစဉ် လုပ်ငန်းလည်ပတ်စရိတ်ပေါ့။ အဓိကကတော့ လုပ်ငန်းလည်ပတ်စရိတ်ပိုပြီးများတယ်။ ပုံမှန်က သိန်း ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှာ ရှိပါတယ်။ ဒါ ပုံမှန် လည်ပတ်စရိတ်ပေါ့။ မဖြစ်မနေ မရှိရှိအောင်ကို လုပ်ရမှာ ဒါကို။ သိန်း ၁၂၀၀ လောက်က မဖြစ်မနေကို ရှိဖို့လိုပါတယ်။
ကျွန်တော်တိုရဲ့ အင်အားလို့ ပြောရင် အင်အားအရေအတွက်က ရှိထားတာက အထူးကွန်မန်ဒိုတပ်ဖွဲ့တွေ ရှိတယ်။ လက်နက်ကြီးအဖွဲ့ရှိမယ်။ တပ်ရင်းတပ်မတွေ ရှိမယ်။ ကျွန်တော်တို့မှာ ရှိသင့် ရှိထိုက်တဲ့ အဆင့်ဆင့် ကွပ်ကဲမှု သဘောတရားတွေ ရှိပါတယ်။ စစ်ဦးစီးအဖွဲ့ရှိမယ်၊ ကွပ်ကဲရေးမှူးတွေ ရှိမယ်။ ဗျူဟာမှူးတွေ ရှိမယ်၊ တပ်ရင်းမှူးတွေ ရှိမယ်ဗျ။ တပ်ရင်းအားဖြင့်ဆိုရင်လည်း ကျွန်တော်တို့ အရေအတွက်ပြောတာထက်စာရင် အရေအတွက် တစ်ခုအထိ ရှိပါတယ်။ ရန်သူက ၁၅၀၀ ၊ ၂၀၀၀ လောက်အထိ ကျွန်တော်တို့နဲ့ ရင်ဆိုင်တယ် ဆိုမှတော့ အင်အားကို အရေအတွက်အနေနဲ့ ကိန်းဂဏန်းအနေနဲ့ ပြောပြဖို့ မသင့်ပါဘူး။ အတန်အသင့်ရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။ ရှိသင့်ရှိအပ်တဲ့ တပ်ဖွဲ့တွေလည်း ရှိတယ်။ နောက်ဆုံး ဒရုန်းတပ်ဖွဲ့လိုက အစ ရှိတယ်။