26 C
Yangon

ဒေါ်​အောင်ဆန်းစုကြည်၏ စီးပွား​ရေး အကြံ​ပေး ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUGအစိုးရ ခန့်အပ်တာဝန်ပေး

Must read

ဒေါ်​အောင်ဆန်းစုကြည်၏ စီးပွား​ရေး အကြံ​ပေး ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUGအစိုးရ ခန့်အပ်တာဝန်ပေး

ရန်ကုန်| ဇွန် ၁၃

သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီကနေ့ (ဇွန်လ ၁၃ရက်) မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဥပဒေကဲ့သို့အာဏာတည်တဲ့ အမိန့် (၁/၂၀၂၃) အရ အပ်နှင်းထားတဲ့ အခွင့်အာဏာကိုကျင့်သုံးပြီး ရှောင်တာနယ်ကို ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဆိုပါတယ်။

မစ္စတာရှောင်တာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းကာလမှာ ၂နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article