အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူသာ အဓိကဖြစ်တဲ့တော်လှန်ရေးမှာ ပြည်သူအားလုံးပါဝင်ပေးနေလို့ အထူးကျေးဇူးတင်ရပါတယ်” စာတန်း ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်