စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံထိပ်သီးနှင့် နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေး ဖိတ်ရန် စောလွန်းနေပြီး စင်ကာပူအနေဖြင့် လက်မခံဟု နိုင်ငံခြားရေးဝန်ကြီးပြော
■ အမေရိကန်က အာဆီယံဘုံသဘောတူညီချက်ကို ထောက်ခံပြီး စစ်တပ်ကို အရေးယူပိတ်ဆို့မှုများ ဆက်လက်ချမှတ်မည်
ရန်ကုန်၊ ဇွန် ၁၇
ထိုင်းစစ်အစိုးရက ဦးဆောင်ပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် စစ် ကောင် စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်မှုအပေါ် စင်ကာပူက ဝေဖန်လိုက် ပြီး အာဆီယံထိပ်သီးနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများသို့ ဖိတ်ရန် စောလွန်းနေကြောင်း နိုင်ငံခြား ရေးဝန်ကြီး Vivian Balakrishnan က ပြောဆိုလိုက်သည်။
ဇွန်လ ၁၆ ရက်နေ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး BLINKEN တို့တွေ့ဆုံ အပြီး သတင်းစာရှင်းလင်းပွဲတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
“အာဆီယံဘုံသဘောတူညီချက် ၅ ချက်က အခုအချိန်အထိ သိသာမြင်သာတဲ့ တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ ဒါကြောင့်မို့လို့ စင်ကာပူအနေနဲ့ အာဆီယံ ထိပ်သီးအဆင့် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်း အဝေးတွေမှာ စစ်ကောင်စီကို ဖိတ်ခေါ်ဖို့ စောလွန်းပါတယ်။ စင်ကာပူ ခေါင်း ဆောင် တွေကလည်း ဒီရပ်တည်ချက်ကို အာဆီယံ ထိပ်သီးအဆင့် အစည်း အဝေးမှာ အတည်ပြုပြောဆိုခဲ့ပြီးသားပါ။ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား အနေ နဲ့လည်း သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံ ဆွေးနွေးနေပါတယ်” ဟု စင်ကာ ပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာ့အရေး ဖြေရှင်းရန်မှာ သက်ဆိုင်သူအားလုံး စားပွဲ၀ိုင်းထိုင်ပြီး ညှိနှိုင်း အဖြေ ရှာရန်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်လာရန် မည်မျှ အချိန်ကြာမည်ကို မသိ ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရန် ၂၅ နှစ်ကြာ မြင်ခဲ့ပြီး ယခုအချိန်တွင် ထိုမျှလောက် မကြာဟု မျှော်လင့်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကမူ စင်ကာပူနှင့် အာဆီယံ၏ ငြိမ်းချမ်းစွာ အဖြေရှာရေး ရပ်တည်ချက်ကို ထောက်ခံပြီး အမေရိကန်အစိုးရအနေဖြင့် အကြမ်းဖက်နေသော စစ်ကောင်စီအပေါ် ပြင်းထန်သော ပိတ်ဆို့ အရေးယူမှု များဆက်လက် ချမှတ်မည်ဖြစ်ကြောင်း၊ စီးပွားရေးအရ မြန်မာအပေါ် စင်ကာပူ၏ ဖိအားပေးမှုများကိုလည်း ထောက်ခံကြိုဆိုကြောင်း ၎င်းက ပြောဆိုသည်။