26 C
Yangon

ထိုင်းစစ်အစိုးရ ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ သို့ မလေးရှားက တက်ရောက် မည် မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ၏ ဆောင် ရွက်ချက်နှင့် ထိပ်သီး အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်းသာ ဆက်သွားရန် အရေးကြီးဟုဆို

Must read

ထိုင်းစစ်အစိုးရ ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ သို့ မလေးရှားက တက်ရောက် မည် မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ၏ ဆောင် ရွက်ချက်နှင့် ထိပ်သီး အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်းသာ ဆက်သွားရန် အရေးကြီးဟုဆို

ရန်ကုန်၊ ဇွန် ၁၈

ထိုင်းအိမ်စောင့် စစ်အစိုးရက ဦးဆောင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ သို့ မလေးရှားနိုင်ငံအနေဖြင့် တက်ရောက်မည်မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ဆောင်ရွက်ချက်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ် ချက်များအတိုင်း ဆက်လက် ရပ်တည် ဆောင်ရွက်သွားရန် အရေးကြီး ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်း ထုတ်ပြန်သည်။

ထိုင်းအိမ်စောင့် စစ်အစိုးရ ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ဘန် ကောက်တွင် မြန်မာ့အရေး ဆွေးနွေးပွဲ Track 1.5 တက်ရောက်ရန် မြန်မာ စစ်ကောင် စီနှင့် အာဆီယံနိုင်ငံများကို ဖိတ်ခေါ်ချိန်တွင် မလေးရှားအစိုးရက ထိုသို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများအကြား သဘောတူညီချက်အရ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ထိုင်းဘက်က အဆိုပြုသော ဆွေးနွေးပွဲသို့ တက်ရောက် မည်မဟုတ်ကြောင်း၊ ၄၂ ကြိမ်မြောက် အာဆီယံအစည်းအဝေး ဆုံးဖြတ် ချက်အရ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ့အရေး ဖြေရှင်းရန် အတွက် ဆက်လက် အသက်ဝင်နေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံ ခြားရေး ဝန်ကြီးဌာနကက ပြောဆိုသည်။

မလေးရှားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက် များကို ထောက်ခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်နှင့် အာဆီယံခေါင်းဆောင်များအကြား သဘောတူညီ ထား သော ဆုံးဖြတ်လုပ်ပိုင်ခွင့်များကို ထောက်ခံအားပေးခြင်းဖြင့် စည်းလုံး ညီညွတ် မှုကို ပြသရန် အရေးကြီးကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article