သပိတ်ကျင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ဂုဏ်ပြုလေးစားသောအားဖြင့် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လွမ်းစိတ်နှင့် အောင်နမိတ်ရည်ရွယ်ကာ ပန်းသပိတ်ကို ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။