မြိုင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အဖြစ် လှည့်လည် ဆန္ဒထုတ်ဖော်
ရန်ကုန်၊ ဇွန် ၁၉
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ် မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူလူများမှ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး Royal Defence Force (Myg) မှလုံခြုံရေးအဖြစ် လိုက်ပါ လှည့်လည်ကာ ပန်းသပိတ်တွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။