32 C
Yangon

ကျုံဒိုး၊ ၇ တိုင် လျှပ်စစ်ရုံအတွင်း တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ကျုံဒိုး၊ ၇ တိုင် လျှပ်စစ်ရုံအတွင်း တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၀

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီး၊ ၇ တိုင်လျှပ်စစ်ရုံး၌ တပ်စွဲထားသော စစ်သားများကို 010 Fixed-Wing Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ကျုံးဒိုးမြို့မှ ကော့ကရိတ်မြို့နယ်ဘက်အထွက်ရှိ ခုနှစ်တိုင် လျှပ်စစ်ရုံး၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဂဠုန် စစ်ကြောင်းက နည်းပညာ အဆင်မြှင့်တင်ပြီး ကိုယ်တိုင်တီထွင် စမ်းသပ် ထုတ်လုပ်ထားသော 010 Fixed-Wing Drone ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗုံးသီးက ၁ လုံးပဲ သွားချခဲ့တာပါ၊ သူတို့ဘက်က တန်ပြန်တဲ့အနေအထားနဲ့ ပစ်မှတ်ထိခိုက်မှုပေါ်မူတည်ပြီး ဆက်ပြီးချဖို့ လိုရင် ချပါတယ်၊ မနေ့ တိုက်ခိုက်တဲ့အချိန် ပြန်ပစ်တာမျိုးမရှိဘူးဗျ၊ ဒီနေ့ ၁၁ နာရီလောက်မှာ ရွာတွေဘက်ကို ရမ်းသမ်းပစ် နေတယ်။” ဟု ဂဠုန်စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း Fixed-Wing Drone တပ်ဖွဲ့မှ Fixed-Wing Drone တပ်ဖွဲ့ (Spring UAV Force – G3)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article