30 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် မြန်မာများအတွက် ၁၀ နှစ် နေထိုင်ခွင့် ကတ်များ လာဘ်ငွေပေး၍ ရယူသည်ဟုဆိုကာ ၁၀ နှစ်ခံကတ် ထုတ်ပေးမှု များအားလုံး ရပ်ဆိုင်း၊ ထုတ်ပေးပြီးသည့် ကတ်များကို ပြန်လည်စိစစ်မည်ဟုဆို

Must read

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် မြန်မာများအတွက် ၁၀ နှစ် နေထိုင်ခွင့် ကတ်များ လာဘ်ငွေပေး၍ ရယူသည်ဟုဆိုကာ ၁၀ နှစ်ခံကတ် ထုတ်ပေးမှု များအားလုံး ရပ်ဆိုင်း၊ ထုတ်ပေးပြီးသည့် ကတ်များကို ပြန်လည်စိစစ်မည်ဟုဆို

ရန်ကုန်၊ ဇွန် ၂၀

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားအများအပြား ၁၀ နှစ် နေထိုင်ခွင့်ကတ်များကို ထိုင်းအာဏာပိုင်များထံ လာဘ်ငွေပေး၍ ရယူမှုများ စစ်ဆေးပေါ်ပေါက်ပြီးနောက် ၁၀ နှစ်ခံကတ် ထုတ်ပေးမှုများအားလုံး ရပ်ဆိုင်းလိုက်ပြီး ယခင် ထုတ်ပေးပြီးသည့် ကတ်များကို ပြန်လည်စိစစ်မည်ဟု ထိုင်းသတင်းဌာနများက သတင်းရေးသားဖော်ပြကြသည်။

Thai PBS သတင်းဌာန၏ သတင်းဖော်ပြချက်အရ မဲဆောက်မြို့နယ်တွင် နေထိုင်သူများအတွက် ၁၀ နှစ် ကတ်ထုတ်ပေးသည့် ဝန်ဆောင်မှုကို ယာယီ ဖျက် သိမ်းလိုက်ကြောင်း၊ ယခင်လုပ်ထားသည့်ကတ်အများအပြားကို ပယ် ဖျက်ရန်အတွက် ဗဟိုမှတ်ပုံတင်ရုံး၊ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း၊ မြန်မာနိုင်ငံဘက်မှ ကူးလာသည့် လူ အများအပြားကို ၁၀ နှစ်ခံကတ် မှတ်ပုံတင် အရေအတွက် အများအပြား ( ပုံမှန်မဟုတ်တဲ့ အရေအတွက်) ထုတ်ပေးခဲ့ကြောင်း စစ်ဆေး ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း၊ ထို့ကြောင့် ၁၀ နှစ်ခံကတ် ထုတ်ပေးရုံးမှ အရာရှိတစ်ဦး စုစုပေါင်း လေးဦးကို နယ်ပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည်။

၁၀ နှစ်ခံကတ်သည် ထိုင်းနိုင်ငံတွင် မွေးဖွားပြီး နိုင်ငံအတည်တကျမရှိသူများ၊ ထိုင်းနိုင်ငံတိုင်းရင်းသားမိဘများမှ မွေးဖွားလာပြီး ထိုင်းနိုင်ငံသားအဖြစ် အသိ အမှတ်ပြုမခံထားရသူများ၊ မြန်မာနိုင်ငံသားလည်းမဟုတ်ဘဲ ထိုင်းနိုင်ငံတွင် နှစ်ပေါင်း များစွာ နေထိုင် ခဲ့သည့် နိုင်ငံမဲ့များ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ အနေကြာသူများကို ထုတ် ပေးသည့် ယာယီမှတ်ပုံတင် အမျိုးအစားတစ်ခုဖြစ်သည်။

မဲဆောက်မြို့တွင် ၁၀ နှစ်ခံကတ်ကို ထိုင်းအာဏာပိုင်များက လာဘ်ငွေယူ၍ ထုတ်ပေးရာတွင် ထိုင်းဘတ်ငွေ အနည်းဆုံး ၆ သောင်းခွဲမှစ၍ ဘတ် ၁ သိန်း အထိ စျေးပေါက်ကြောင်း၊ မဲဆောက်မြို့နယ်အာဏာပိုင်ရုံးက ပွဲစားများ မှတစ်ဆင့် ချိတ်ဆက်လာဘ်ငွေယူကာ မြန်မာအများအပြားကို ၁၀ နှစ်ခံ ကတ် များ ရိုက်ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article