27 C
Yangon

သရက်ချောင်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံး

Must read

သရက်ချောင်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီး တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး အရာရှိ ၁ ဦးအပါအဝင် စစ် သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF) တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၈ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာနှင့် ကမြိုင်ကျေးရွာ အကြားကို စစ်ကြောင်းထိုးဝင် ရောက်လာသည့် အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၁၃ ဦးသေ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်က သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ အနီး မြွေတောင်၌ တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီခန့်တွင် ထပ်မံ တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့်ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို သရက်ချောင်းမြို့နယ် ပကဖအဖွဲ့ဝင်များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့ (TYC – PDF) ကျားရိုင်းပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article