31 C
Yangon

ခင်ဦး၊ တဲစုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ခင်ဦး၊ တဲစုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၂၄

ခင်ဦးမြို့နယ်၊ တဲစုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြင်းဒေါင်းရွာ ဘုန်းကြီးကျောင်း၌ ၄ ရက် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဒေါင်းရွာမှ ထွက်ခွားလာပြီး လက်နက်ကြီးဖြင့် တဲစုရွာကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ရွာတွင်းပြည်သူကြား လက်နက်ကြီး ၃ကြိမ်ကျ။ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး ဒေါ်မိုးဆွေ အသက် ၄၅ နှစ် လက်နက်ကြီးထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။အသက်၆၀ ကျော်အရွယ် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် ၁၆နှစ် ထိလည်း ပါတယ် ဒဏ်ရာရတာက။ ခွေးကြောင်းလာတယ်ဆိုလို့ တဲစုက ပြည်သူတွေက အရှေ့ထွက်မလို့လုပ်တုန်း လူကြားကျတာ” ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် တဲစုရွာမှ S.M.C မူးဘောင်ကို ကူး၍ မြစ်တော်၊အင်တိုင်းကြီးဦးတည်ပြီး ရှေ့ကင်းစထွက်ကာ မြစ်တော်ရွာထဲသို့ ဝင်ရောက်၍ နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့ကြောင်း ၊ စစ်ကောင်စီဝင်များသည် တဲစုရွာတွင်လည်း ရွာအရှေ့ဘက် လမ်းဘေးတွင် ပျက်နေသည်မှာ ကြာပြီဖြစ်သည့် ကားပျက်ကြီးကိုလည်း မီးရှို့သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တဲစုရွာ၊ မြစ်တော်ရွာ၊ ကံသစ်ရွာ၊ ဂွေးကုန်းရွာ၊အင်တိုင်းကြီးရွာ စသည့်ကျေးရွာများမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Photo – ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထွက်​ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article