စစ်ကိုင်းမြို့နယ်၊ ကင်းတော်၊ မြင်းဆည်နှင့်လက်ပါယ်တော အပါအဝင် ကျေးရွာ ၅ ကို စစ်တပ်က မီးတင်ရှို့ခဲ့၊ လယ်ပါယ်တောကျေးရွာမှ လူနေအိမ် ၁၀၀ ကျော် ပြာကျ
ရန်ကုန်၊ ဇွန် ၂၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်၊ မြင်းဆည်နှင့်လက်ပါယ်တော အပါအဝင် ကျေးရွာ ၅ ခု တို့ကို စစ်တပ်က ယမန်နေ့ မီးတင်ရှို့ခဲ့ရာ လယ်ပါယ် တောကျေးရွာမှ လူနေအိမ် ၁၀၀ ကျော် ပြာကျသွားကြောင်း ဒေသပြည်သူ များထံမှ သိရှရသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ ဧရာ၀တီမြစ်ကြောင်းအတိုင်း စစ် တပ်က သင်္ဘောများဖြင့် ဝင်ရောက်လာပြီး ပြည်သူများကို ပစ်ခတ် သတ် ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မန္တလေးတိုင်း၊ ငါန်းဇွန် မြို့နယ် ဘက်မှ စစ်တပ်က သင်္ဘောများဖြင့် ဧရာ၀တီမြစ်ကိုဖြတ်ကာ စစ်ကိုင်း မြို့နယ်၊ သုံးလင့် ၊ကိုင်းပြင်၊ ကင်းတော်၊ လယ်ပါယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ ရွာများဘက်သို့ နှစ်နေရာခွဲ၍ လက်နတ်ကြီးငယ်များပစ်ခတ်၍ တပြိုင် နက်တည်း စစ်ကြောင်း ထိုး လာကြောင်း၊ ယင်းနောက် ကင်းတော်၊ကိုင်းပြင်၊လယ်ပါယ်တော၊ ဥယျာဉ်၊မြစ်သာရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ ကြောင်း သိရှိရသည်။
စစ်တပ်က ကျေးရွာများကို ပစ်ခတ်ပြီးမှ ဝင်ရောက်စီးနင်းနေရာ ပြည်သူ အများ အပြားလည်း ဖမ်းဆီးခံနေရသည့်အပြင် တော်လှန်ရေးရဲဘော် ၁၃ ဦး၊ အမျိုး သမီး ၂ ဦး၊ ပြည်သူ ၃ ဦး စုစုပေါင်း ၁၈ ဦးကို စစ်တပ်က သတ်ဖြတ် ခဲ့ကြောင်း သိရှိရသည်။
“ပြည်သူများဘေးလွတ်ရွာထွက်ပြေးနေကြရတယ်။ အဖမ်းခံထားရ တဲ့ပြည်သူ တွေ လည်းရှိ ပါတယ်။ အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ ရေတက် ချိန် ဖြစ်တော့ မြစ်တွေက ရေပြည့်နေတော့ ကမ်းကို တစ်ခါတည်း ကပ်လို့ ရတယ်။ သင်္ဘော ပေါ်ကနေ လက်နက်ကြီးနဲ့ ၇ ရွာတစ်တန်းလုံးကို ပစ်ခတ်ပြီး ဝင်လာတာ။ ရက် စက်ချက်။ ရေတက်ချိန်ဆို တော့ ကမ်းကို တစ်ခါတည်း သင်္ဘောက ကပ် လို့ရ တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ကျေးရွာ ၇ ခုမှ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရပြီး အခြေအနေ အလွန်ဆိုးဝါးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။