27 C
Yangon

ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး CNDF ရဲဘော် ၁ ဦးကျဆုံး

Must read

ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး CNDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ လက်ပံခုံကျေးရွာနှင့် မအူကွင်းကျေးရွာ အကြားရှိ အထိုင်စခန်းသို့ ပြန်ဆုတ်လာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က စစ်ကြောင်းထိုးပြီး သစ်ပုတ်ပင်ကျေးရွာ အထိုင် စခန်းသို့ ပြန်လည်ဆုတ်လာသော အကြမ်းဖက်စစ်ကြောင်းအား လက်ပံခုံကျေးရွာနှင့် မအူကွင်း ကျေးရွာကြား၊ ကျွန်းပင်ပုအနီး ယာတဲ ၂ လုံးတွင် အနားယူနေသော အကြမ်းဖက်စစ်သားများကို အလစ် အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် ၅ မိနစ်မှ ၁၀ မိနစ်အတွင်းသာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း ၃၆၀၁ PPDF တပ်ရင်း၊ အဖွဲ့ ၁ Tiger စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ဆုတ်ခွာသွားသည့်နေရာ ကို ဝင်ရောက်စစ်ဆေးနယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ MA 3 ကျည်ဘောက်တစ်ခု၊ စက်ကလေး ကျည်ဘောက်တစ်ခု၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀ ၊ စစ်ယူနီဖောင်း၊ အရပ်ဝတ်နှင့် သွေးစွန်းနေ သော ပတ်တီးစများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရ စစ်သားများကို ညနေပိုင်းတွင် မှတ်တိုင်ကျေးရွာဘက်မှ ဖော ကားဖြင့် လာရောက်ပြီး သစ်ပုတ်ပင်အထိုင်စခန်းသို့ သယ်ဆောင်သွားကြောင်း ပေါင်းတည် PDF တပ်ဖွဲ့မှ ထုတ် ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ သာစည်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး CNDF မှ ရဲ ဘော်တစ်ဦးကျဆုံးကာ ၁ ဦးအပြင်းအထန်ဒဏ်ရာအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF KKG ထံမှ သိရသည်။

ယမန်နေ့ဇွန်လ ၂၅ ရက် ညနေပိုင်းက ကလေးမြို့တောင်ပိုင်း၊ သာစည်ကျေးရွာနှင့် ဇင်းကလင်းကျေး ရွာရှိ အကြမ်ဖးက်စစ်သားများအား လာရောက်ကြိုပြီး ကလေးမြို့သို့ ပြန်လည် ဆုတ်ခွာလာသော ဖော ကား ၄ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ အိမ်စီးကား ၂ စီး၊ စစ်ကားအကြီး ၂ စီးပါယာဉ်တန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အရေအတွက်အတိအကျ အတည်မပြုနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို CDF KKG ၊ CNDF ၊ UGF ၊ PDF Kalayနှင့် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ကလေးမြို့တွင်းရှိ အမြောက်တပ်နှင့် ကလေးမြို့အထွက်ရှိ အဖွဲ့စက်ဂိတ်မှ လက် နက်ကြီး များဖြင့် တရစပ်ပစ်ခတ်ကူးပေးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာ ခဲ့ရပြီး လက်နက်ကြီးထိမှန်ကာ CNDF မှ ရဲဘော်တစ်ဦးကျဆုံးကာ CDF KKG မှ ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းဒဏ်ရာသူ ၃ ဦးအနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်မစိုးရ ကြောင်း၊ ထို့အပြင် ကပက တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article