24 C
Yangon

ရန်ကုန်တွင် ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်တွင် ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆

ရန်ကုန်မြို့တွင် မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇွန်လ ၂၆ ရက်နေ့၌ “ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ်” အဖြစ် ‘တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး’ စတစ်ကာများကို ဖြန့်ဝေ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ လူထုလှုံ့ဆော်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေဝင်းဦးဆောင်သော စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်မှာ ၄၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article