31 C
Yangon

မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးပြီးနောက် စစ်တပ်က တိုက်လေယာဥ် ၂ စီးဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်

Must read

မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးပြီးနောက် စစ်တပ်က တိုက်လေယာဥ် ၂ စီးဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၇

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ရွှေအောင်သာကျေးရွာ၊ နော်စေတီကုန်းအနီး၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF Mindat ထံမှ သိရသည်။

ယမန်နေ့ဇွန်လ ၂၆ ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်ကစတင်၍ ၈ နာရီခွဲခန့်အထိ ရွှေအောင်သာရွာ၊ နော်စေတီကုန်းအနီး၌ အကြမ်းဖက် စစ်တပ် နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)တို့ အကြား တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ၁၀ ဦးထက်မ နည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ CDF – Mindat မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စစ်တပ်က နံနက် ၉ နာရီ မိနစ် ၄၀ မှစတင်၍ ၁၀ နာရီ ၁ မိနစ်အထိ ဂျက်ဖိုက်တာ တိုက်လေယာဥ် ၂ စီးတို့ဖြင့် ၇ ကြိမ် တိုက်ခိုက်ခဲ့သော်လည်း ချင်းကာကွယ်ရေး (မင်းတပ်) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မင်းတပ်မြို့ပေါ်၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုအတည်မပြု နိုင်သေးကြောင်း CDF – Mindat က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article