28 C
Yangon

စစ်ကိုင်းတိုင်းရှိ ရွှေဆိုင်များ၏ ပိုင်ရှင်အမည် ၊ ရောင်းဝယ်နေသည့် ငွေကြေး ပမာဏကို စစ်တပ်က စာရင်းကောက်ခံနေသဖြင့် ရွှေဆိုင်များ ထိတ်လန့်

Must read

စစ်ကိုင်းတိုင်းရှိ ရွှေဆိုင်များ၏ ပိုင်ရှင်အမည် ၊ ရောင်းဝယ်နေသည့် ငွေကြေး ပမာဏကို စစ်တပ်က စာရင်းကောက်ခံနေသဖြင့် ရွှေဆိုင်များ ထိတ်လန့်

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ ရွှေဆိုင်များတွင် ပိုင်ရှင်များ၏ အမည်စာရင်းနှင့် ရောင်းဝယ်နေသည့်ငွေကြေး ပမာဏများပါ အကြမ်းဖက် စစ်တပ်က လိုက်လံကောက်ခံနသဖြင့် ရွှေဆိုင်ပိုင်ရှင်များထိတ်လန့်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ရွှေဆိုင်များကို အကြမ်းဖက် စစ်တပ်က ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူများ၏ အမည်စာရင်းနှင့် ငွေကြေး ပမာဏများ ဖြည့်သွင်းမည့် ဖောင်များကို ရွှေဆိုင်များကို လိုက်ဝေငှ ကောက်ခံနေကြောင်း သိရရှိရသည်။

” နယ်တွေက ရွှေဆိုင်တွေမှာ ရင်းနှီးမှု ပမာဏ နေ့စဥ်ရောင်းရငွေ အမြဲ ဖောက်သည် အမည်နေရပ်လိပ်စာ ဖောက်သည်သစ် လိပ်စာ စည်းကမ်းချက်အများကြီးကို ဖြည့်သွင်းပြီး လစဥ် ၂၅ရက်နေ့ မတိုင်မီ ပေးပို့ဖို့ အကြောင်းကြားစာတွေ ရောက်လာတယ်။ တလောက ဆိုင်တွေ စာရင်းကောက်ပြီး တစ်ခါ နောက်ထပ် ပိုင်ရှင်စာရင်းနဲ့ ငွေပမာဏ အရောင်းအဝယ်စာရင်း ဘာအတွက်ကောက်လဲ မသိဘူး” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဆိုင်များတွင် စစ်တပ်နှင့် ပျူစောထီးများက မကြာခဏဆိုသလို လာရောက်၍ အလှူငွေကောက်ခံခြင်း၊ လုံခြုံရေးအတွက် ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ ငွေကျပ် သိန်းချီ လစဉ် တောင်းခံခြင်းများ မကြာခဏဆိုသလို ကြုံတွေ့နေရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article