27 C
Yangon

ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ကင်းလှည့်စစ်ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ကင်းလှည့်စစ်ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာတွင် အမှတ်(၁၉)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ကင်းလှည့်စစ်ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ် တိုက် ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရေးမြို့နယ်၊ ကလော့ကြီး ကျေးရွာတွင် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကင်းလှည့်စစ်ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကားပေါ်တွင် စစ်သား ၁၅ ဦးပါဝင်ပြီး ပစ်ခတ် တိုက်ခိုက်မှု‌ကြောင့် စစ်သား ၅ ဦး သေဆုံးသွားခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က ပြောဆိုသည်။

“မနက် ၈ နာရီခွဲဝန်းကျင်လောက်တုန်းက စခ ၁၉ ကလော့ကြီး ကျေးရွာထဲကို ကင်းလှည့်တဲ့ ပွိုင့်ကားအကြီး၊ ဖောကားအကြီးကို ဝင်ပစ်တာ။ ကားပေါ်မှာ ၁၅ ဦးလောက်တော့ပါတယ်။ အဲဒီမှာ ၅ ဦးလောက်ကိုတော့ ပိုင်ပိုင်နိုင်နိုင် ဝင်ပစ် နိုင်ခဲ့ပါတယ်။” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ-၁၉ ) သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့တွင် တည် ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်ပြီး အမှတ် ၁၉ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် နည်းဗျူဟာအဖွဲ့ ၃ ဖွဲ့ နှင့် ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ရင်းရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article