27 C
Yangon

ရေးမြို့နယ်တွင် ၃ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ် အကြမ်းဖက်စစ်တပ်မှ ခမရ ၆၁ တပ်ရင်းမှူး ဝင်းဦး ၊ ခမရ ၅၉၁ အပါအဝင် စစ်သား ၂၁ ဦးသေဆုံး၊ စစ် တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရေးမြို့နယ်တွင် ၃ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ် အကြမ်းဖက်စစ်တပ်မှ ခမရ ၆၁ တပ်ရင်းမှူး ဝင်းဦး ၊ ခမရ ၅၉၁ အပါအဝင် စစ်သား ၂၁ ဦးသေဆုံး၊ စစ် တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၈

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၃ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၆ ဦးသေဆုံး ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ် ဒေသ ခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမ ကြီး တွင် လုံခြုံရေးယူထားသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်း ဖက်စစ်ကောင်စီတပ်တို့အကြား ရေးမြို့နယ်အတွင်း၌ ၃ ရက်အတွင်း ထိတွေ့ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားရာတွင် စစ်တပ်ဘက်က အထိနာသည့်အတွက် စစ်ရဟတ် ယာဉ်များဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီအချိန် ရေးမြို့ နယ် အောင်သာယာ၊ ကနင်ကမော့ကျေးရွာကြား ပရယ်သားအနီး လုံခြုံရေး ရယူထားသည့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နယ်မြေ ကျူးကျော် လာသည့် ခမရ ၅၉၁ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခမရ ၅၉၁ မှ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း၊ အခြားအဆင့် စစ်သားတစ်ဦးလည်း ဒဏ်ရရှိ ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်၏ အမတ ၃၁၇ က အနီးအနား ကျေး ရွာတွေကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ပျံသန်းလာသည့် Mi 35P တိုက်ခိုက်ရေး ရဟတ် ယာဉ်က သံကဒိုက်ဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲတိုက််ခိုက်ခဲ့ကြောင်း၊ ကနင်ကမော့နှင့် အောင်သာယာ အကြားရှိ ပရဲ့သားကျေးရွာကို ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အစင်ကျေးရွာနေ အသက် ၄၉ နှစ်အရွယ်ရှိ ဒေါ်ရီရီတင် လက်မောင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရေးမြို့နယ်နှင့် သံဖြူ ဇရပ် ကြားရှိ ဘေးလမိုင်းနဲ့ အေးကမ္ဘာအကြားတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီ ၅၀ ခန့်အချိန် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူထားသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် ရေးမြို့နယ် စံပြနှင့် နှင်းစုံးရွာအကြား နယ်မြေကျူးကျော်လာသည့် ခမရ ၆၁ နှင့် တိုက်ပွဲဖြစ်ပွားပြီး တပ်ရင်းမှူး ဝင်းဦးအပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ သတင်း အတည် ပြုနိုင်ရေး စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ ည ၇နာရီနှင့် ည ၈ နာရီခန့်အချိန် ပရယ်သား ကျေးရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် ကလော့ကြီးကျေးရွာအနီး မောင်းနှင်လာတဲ့ စစ်ကောင်စီပွိုင့်ကားတစ်စီးကို ပူပေါင်းတပ်ဖွဲ့ဝင်တွေက ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်း ဆောင် က ပြောဆိုသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွင် ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီး KNLA၊ PDF ပူပေါင်းတပ်ဖွဲ့ဝင်များသည် မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင် စုလမ်းမကြီးပေါ် အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာမှုနှင့် လက်နက်ရိက္ခာဖြည့်တင်းမှုကို တားဆီးနိုင်ရန် စစ်ဆေးမှုများလုပ်ဆောင်နေပြီး ခရီးသွားပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်များကို လိုက်နာကြရန် သတိပေးမေတ္တရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article