30 C
Yangon

ခင်ဦး၊ သရက်ကုန်းရွာရှိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဂျာမေ့အ်ဗလီတွင် အစ္စလာမ်ဘာသာဝင်များ စုစည်း၍ ဝတ်ပြုဆုတောင်းကာ ကုရ်ဘာနီစွန့် လှူဒါန်းမှု ပြုလုပ်

Must read

ခင်ဦး၊ သရက်ကုန်းရွာရှိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဂျာမေ့အ်ဗလီတွင် အစ္စလာမ်ဘာသာဝင်များ စုစည်း၍ ဝတ်ပြုဆုတောင်းကာ ကုရ်ဘာနီစွန့် လှူဒါန်းမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ခံခဲ့ရသော ဂျာမေ့အ်ဗလီတွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့၌ အစ္စလာမ်ဘာသာဝင်များစုစည်း၍ ဝတ်ပြုဆုတောင်းပြီး ကုရ်ဘာနီစွန့်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သရက်ကုန်းကျေးရွာရှိ အဆိုပါ ဂျာမေ့အ်ဗလီကို ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည် မပြုပြင်နိုင်ခင် ၂၀၂၃ ခုနှစ်‌ မေလအတွင်း တိုက်ခိုက်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ခေါင်မိုးလှန်ခဲ့ရ၍ အစ္စလာမ်ဘာသာဝင်များမှာ ၎င်းတို့၏ ဗလီကို စနစ်တကျပြင်ဆင်နိုင်ခြင်း မရှိသေးဘဲ ဝတ်ပြုဆုတောင်းခြင်းကို ပြုလုပ်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article