33.1 C
Yangon

ဝက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ဝက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ မီးသတ်ရုံးနှင့် ပျူစောထီးအိမ်များကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့​ကြောင်း ရွှေဘိုခရိုင်တပ်ရင်း၁၅ (Eagle Guerrilla Force)အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်တပ်က ဂျက် ဖိုက်တာတိုက်လေ ယာဉ် ၁ စီးဖြင့် ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးကို ဗုံးကျဲတိုက်ခိုက်ခဲပြီး စစ်သား ၁၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၅ နာရီ ၅၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်သား၊ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ပျူစောထီးခေါင်းဆောင်တင်ထွန်းနေအိမ်တို့ကို ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပွဲပြီးလို့ မိနစ် ၂၀ လောက်အကြာမှာ ခွေးတွေဘက်က ဂျက်ဖိုက်တာနဲ့ လာပစ်တယ်၊ သူတို့အချင်းချင်း မီးသတ်ရုံးကို မှားပစ်တာ၊ ပျူတွေရော၊ စစ်ခွေးတွေရော ၁၂ ဦးသေတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ လည်းများတယ်လို့ ဖရဲသီးဆီကနေ သိရတယ်၊ မီးသတ်ရုံးနားမှာက ပျူအိမ်တွေရှိတာ၊ မီးသတ်ရုံးထဲ ကရော၊ ပျူအိမ်တွေထဲကရော ကယ်ကြပါအုံးဆိုတဲ့ အော်သံတွေကြားရတယ်လို့ နီးစပ်တဲ့သူတွေက ပြောပါတယ်” ရွှေဘိုခရိုင်တပ်ရင်း၁၅(Eagle Guerrilla Force)အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း၁၅၊ မြင်းခြံခရိုင် တပ် ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ကျောက်ဆည် ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဆားတောင်မိုးကြိုး (Local PDF)MRTF Drone Force အဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article