33 C
Yangon

မြစ်ကြီးနားမြို့ရှိ အမှတ် ၃၀ ရဲတပ်ရင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်

Must read

မြစ်ကြီးနားမြို့ရှိ အမှတ် ၃၀ ရဲတပ်ရင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်

ရန်ကုန်၊ ဇွန် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ် ၃၀ ရဲတပ်ရင်းတွင် ပစ်ခတ်တိုက် ခိုက်မှုများ ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ ည ၁၁ နာရီ ၂၅ မိနစ်အချိန် မြစ်ကြီးနား ရဲတပ်ရင်း ၃၀ တွင် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး သေနတ်သံ အချက် ၄၀ နီးပါး ကြားရ ကြောင်း၊ အပြန်အလှန် ပစ်ခတ်သည့် အသံများ ကြားရကြောင်း ဒေသ ပြည်သူ တစ်ဦးက ဆိုသည်။

“ရဲတပ်ရင်း ၃၀ ထဲကနေ တောက်လျှောက်ပြန်ပစ်နေတာ။ သူတို့ရဲတပ်ရင်းကို လာပစ်သွားလို့ ပြန်ပစ်တာလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ တော့ မသိရသေးပါဘူး။ ပစ်ခတ်သံကတော့ တဒိုင်းဒိုင်းနဲ့ကို ပစ်တာ။ ညသန်း ခေါင်ယံအချိန်လည်းဖြစ်တော့ အသံက အတော်ကို ကျယ်တယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြစ်ကြီးနားမြို့ရှိ အမှတ် ၃၀ ရဲတပ်ရင်းတွင် မကြာခဏ ဗုံးကွဲခြင်း၊ ပစ် ခတ် ခံရခြင်းများ ဖြစ်ပွားလေ့ရှိပြီး PDF များ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ များ နှင့် KIA တပ်များက လာရောက်တိုက်ခိုက်ခဲ့မှုများ တစ်လျှောက်လုံး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article