31 C
Yangon

စစ်အာဏာသိမ်းမှုက မြန်မာ့စီးပွားရေးကို အကြီး အကျယ် ထိခိုက်စေခဲ့ပြီး အနည်းဆုံး ၂၀၂၇ ခုနှစ် အထိ နာလန် ပြန်မထူနိုင်တော့ဟု ကမ္ဘာ့ဘဏ်က ပြော

Must read

စစ်အာဏာသိမ်းမှုက မြန်မာ့စီးပွားရေးကို အကြီး အကျယ် ထိခိုက်စေခဲ့ပြီး အနည်းဆုံး ၂၀၂၇ ခုနှစ် အထိ နာလန် ပြန်မထူနိုင်တော့ဟု ကမ္ဘာ့ဘဏ်က ပြော

■ မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ အမိန့်အာဏာဖြင့် ကန့်သတ်ဖိနှိပ်မှုများ ကြောင့် မြန်မာ့ စီးပွားရေး အနာဂတ် ဆက်လက် ဆိုးမည်

ရန်ကုန်၊ ဇွန် ၃၀

ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သော မြန်မာ့စီးပွားရေး စောင့်ကြည့်မှု ဆိုင်ရာ နောက်ဆုံးထုတ်ပြန် ချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၇ခုနှစ်အထိ ကိုဗစ်ကာလ မတိုင်မီက ရရှိခဲ့သည့် စီးပွားရေးအခြေ အနေသို့ ပြန်လည် မ ရောက် ရှိနိုင်တော့ ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှတစ်ဆင့် ပြည်တွင်း ပဋိပက္ခများ၊ စီးပွားရေး ဆိုင်ရ စီမံခန့်ခွဲမှု အလွဲများကြောင့် မြန်မာ့စီးပွားရေးကို နာလန်ပြန် မထူနိုင် အောင် ထိုးနှက်နေကြောင်း ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာက သုံးသပ်ထားသည်။

ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ခဲ့သည့် နှစ်တစ်ဝက်စာ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် အာဏာသိမ်းစက မြန်မာ့စီးပွားရေး ကျဆင်းမှု ၁၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ပိုမိုကျဆင်းနေကြောင်း၊ လက်ရှိ နှုန်း အတိုင်းဆက်သွားနေပါက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အထိ ကိုဗစ် ပထမ လှိုင်း နှင့် အာဏာသိမ်းမှု မတိုင်ခင်က စီးပွားရေး အခြေအနေသို့ ပြန်ရောက်ရန် မဖြစ် နိုင် တော့ဟု ခန့်မှန်းထားသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှု၊ ပြန်လည်ထွက်ခွာသွား ကြသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်လက်မဲ့ဦးရေ တောင်ပုံယာပုံပေါ် ထွက်လာ မှုအခြေအနေများနှင့်အတူ မြန်မာကျပ်ငွေ တန်ဖိုးမှာလည်း အဆမတန် ကျ ဆင်း နေကြောင်း၊ မြန်မာ့စီးပွားရေးသည် ပြန်လည်ဦးမော့နိုင်စရာ အခွင့်အရေး မရှိတော့ ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်တွင်း ပဋိပက္ခများကြောင့် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၁ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး အရပ်သားနေအိမ် ၆၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း၊ ပြည်သူ ၂၃၀၀၀ ထက် မနည်း ဖမ်းဆီးခံထားရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

မေလက ကောက်ယူခဲ့သည့် စစ်တမ်းအရ အာဏာသိမ်းမှုနောက်ပိုင်း အလုပ် သမား ၄၀ ရာခိုင်နှုန်း ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး တစ်ဝက်နီးပါးက ဝင်ငွေ ကျဆင်းသွားသည်ဟု ဖြေကြားကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကြသည့် အိမ်ထောင်စုများ၏ ၄၈ ရာခိုင်နှုန်းက စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင် နေရကြောင်း၊ ယမန်နှစ် ကိန်းဂဏန်းများတွင် အိမ်ထောင်စုများ၏ ၂၆ ရာခိုင် နှုန်းခန့်သာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်ခဲ့ရသဖြင့် လက်ရှိ အခြေ အနေမှာ ၄၈ ရာခိုင်နှုန်းဖြစ်လာသောကြောင့် ရိက္ခာအခက်အခဲဖြစ်နေသူ အရေ အတွက် ပိုတိုးလာကြောင်း သိရှိရသည်။

စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေမှာ စစ်အုပ်စု၏ ဖြေရှင်းနည်း အမှားများ ကြောင့် ဆက်တိုက် ကျဆင်းနေပြီး မကြာသေးမီက ပို့ကုန်သွင်းကုန် လိုင်စင် များအတွက် လိုအပ်ချက်များ ထပ်မံတိုး လိုက်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်ရေး နှုန်းထားအပေါ် ကန့်သတ်ချုပ်ချယ်ခြင်း များ ကြောင့် အခြေအနေ ပိုဆိုးလာ စေကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် မရေမရာမှုများနှင့် အဟန့်အတား များ ဆက်လက် ဖြစ်ပေါ် ဖန်တီး ပေးနေ ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက သုံးသပ်ထားသည်။

မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အုပ်စု၏ စျေးကွက်စီးပွားရေးစနစ်အပေါ် အမိန့်အာဏာသုံး ကန့်သတ်ပိတ်ပင်မှု၊ မူဝါဒအမှားများ ဆက်တိုက် ချမှတ်နေ သောကြောင့် မြန်မာ့ စီးပွားရေး အနာဂတ် ဝေဝါးနေမည်ဖြစ် ကြောင်း ကမ္ဘာ့ ဘဏ်က သုံးသပ်ထားသည်။

( The Diplomat တွင် ဇွန်လ ၂၈ ရက်နေ့ ဖော်ပြထားသော Military Coup Has Inflicted ‘Permanent’ Damage on Myanmar, World Bank Says ကို ဆီလျှောအောင် ဘာသာပြန်ဆိုသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article