ရန်ကုန်၊ မတ် ၁၀
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြပြည်သူများကို ဖက်ဆစ်စစ်တပ်မှ ဒုတိယအကြိမ်အင်အားသုံးကာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း (၁နှစ်ပြည့်) နှစ်ပတ်လည်နေ့အဖြစ် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ တက်ကြွလှုပ်ရှားသူလူငယ်များမှ “တော်လှန်ရေးသမားကိုသတ်လို့ရမယ် တော်လှန်ရေးကို သတ်လို့မရဘူး” စာသားပါ ဘန်နာကို မြောက်ဥက္ကလာပမြို့နယ် တစ်နေရာတွင် ယနေ့ ချိတ်ဆွဲခဲ့ကြသည်။