25 C
Yangon

ရန်ကုန်တွင် “လက်နက်မဲ့ပေမယ့် ‘ဒို့အရေး’ ဆိုတဲ့ အသံကို မင်းတို့တွေကြောက် နေရမယ်”ပိုစတာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

Must read

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်၊ မလွှကုန်းဘူတာတွင် “လက်နက်မဲ့ပေမယ့် ‘ဒို့အရေး’ ဆိုတဲ့ အသံကို မင်းတို့တွေကြောက် နေရမယ်”ပိုစတာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ လှုပ်ရှားကြသည်။

ယနေ့ နံနက်ခင်း မလွှကုန်းဘူတာတွင် “လက်နက်မဲ့ပေမယ့် ‘ဒို့အရေး’ ဆိုတဲ့ အသံကို မင်းတို့တွေကြောက်နေရမယ်” စာသားအား ချိတ်ဆွဲ၍ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ တော်လှန် အလုပ်သမားထုတစ်ရပ် အဖြစ် တပ်ဦးကပါဝင်ခဲ့သည့် မလွှကုန်းမီးရထား CDM သူရဲကောင်း ဝန်ထမ်းများကို အကြမ်းဖက်စစ်တပ်က အင်အားဖြင့် ဝင်ရောက်စီးနင်း လူမဆန်စွာ အိမ်များမှ ဖယ်ခိုင်းခဲ့မှု ၁ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ရဲဝံ့စွာ အသက်တွေ ဘဝတွေ ပေးဆပ်ရဲသော မြန်မာ့မီးရထားနှင့် အခြားသော CDMer များ၊ တော်လှန်ပြည်သူတစ်ရပ်လုံးအား လေးစား ဂုဏ်ပြုပါကြောင်း ရန်ကုန်လူထုသပိတ်က သတင်းထုတ်ပြန်သည်။

ယခုဘန်နာစာသား ရေးသားခဲ့သော ရဲဘော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article