ရေစကြို ပြည်သူများက မင်းအောင်လှိုင်ကို ကျိန်စာတိုက်၍ နာရေး အခမ်းအနား ပြုလုပ်ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၃
ရေစကြိုမြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီနှင့် ရေလယ်ကျွန်း ပြည်သူများ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် မင်းအောင်လှိုင်ကို ကျိန်စာတိုက်၍ နာရေး အခမ်းအနား ပြုလုပ်ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက်ဆန္ဒပြပွဲတွင် “အတုံ့ရှိရင် အလှည့်ရှိတယ်” စာတန်း ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏မွေးနေ့အား သေနေ့အဖြစ် ပြောင်းလဲပေးခဲ့ကြောင်း၊ ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းယူထားပြီး ပြည်သူ့လူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ဖျက်စီးရန်ရှာနေကာ လူ့အခွင့်အရေးများ ချိုးဖောက်နေသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပြည်သူလူထု၏ ကျိန်စာသည် မည်မျှ ကြောက်စရာကောင်းကြောင်း ပြသခဲ့သည်။