20 C
Yangon

သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့ ပစ်ခတ် ခံရပြီး ၂ ဦးသေဆုံး

Must read

သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့ ပစ်ခတ် ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ဝင် အဖွဲ့တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei information center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ကဇိရွာမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ညိုစိုးကို အမည်မသိ သေနတ် သမားများက နေ အိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံး သွားသော ညိုစိုးသည် စစ်တပ် စစ်ကြောင်းများကို ကိုယ်တိုင် လိုက်ပါ လမ်းပြ ပေးသော ပျူစောထီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် သရက်ချောင်းမြို့နယ်၊ ညောင် ဇင် ရွာတွင် ပျူစောထီး အဖွဲ့ဝင် ဇော်နိုင် သည် စာသင်ကျောင်းအနီး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နာရေးကူညီမှုအသင်းက အလောင်းလာ သယ်ယူ သွား​ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး အဖွဲ့ဝင် ဇော်နိုင်သည် အကြမ်းဖက် စစ်တပ်နှင့် ချိတ်ဆက်မှုရှိသူ တစ်ဦးဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို အတည်မပြုနိုင်သေးကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article