29 C
Yangon

တနင်္သာရီတိုင်းတွင် ခရီးသည်တင်ယာဉ် များကို စစ်ဆေးစဉ် ရဲတပ်ကြပ်ကြီး ‌ဇော်မင်းဦးကို ဖမ်းဆီးရမိ ပြီး ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှသေဆုံး

Must read

တနင်္သာရီတိုင်းတွင် ခရီးသည်တင်ယာဉ် များကို စစ်ဆေးစဉ် ရဲတပ်ကြပ်ကြီး ‌ဇော်မင်းဦးကို ဖမ်းဆီးရမိ ပြီး ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှသေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

တနင်္သာရီတိုင်း၊ ရေဖြူ မြို့နယ်၊ ထားဝယ်-ရန်ကုန်ကားလမ်းမ ပေါ်မှာ ထား ဝယ် ခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးချိန် ရဲတပ် ကြပ် ကြီး ဇော်မင်းဦးကို ဖမ်းဆီးရမိခဲ့ပြီး ပြန်လည်ခုခံထွက်ပြေးလို့ ပစ် ခတ်ဖမ်းဆီးချိန်သေဆုံးသွားတယ်လို့ TPLF က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂ ရက်နေ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးက တနင်္သာရီတိုင်းအဝင် မလွှဲ တောင် စုပေါင်းစစ်ဆေးရေးဂိတ်ကနေ ရေဖြူမြို့မရဲစခန်းကို ပြည်သူတွေနဲ့ ရောပြီး လိုက်ပါလာတယ်လို့ သတင်းအတိအကျရတာကြောင့် ပြည်သူ့ ကာကွယ် ရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“သတင်းရလို့ ကျနော်တို့လမ်းပေါ်ကို ပြန်ထွက်စစ်တဲ့အချိန်မိတာပါ။ သူက ပရိုဘောက် ကားပေါ်မှာ တခြားခရီးသည်တွေနဲ့အတူပါလာတာ။ ယူနီဖောင်း တွေလည်းမိတယ်။ ဒါကြောင့်သူကိုကားပေါ်ကခေါ်ချပြီး ဖမ်းဆီးလိုက်တာ” လို့ TPLF ရဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲတပ်ကြပ်ကြီးကို သူ့မှာပါလာတဲ့ ယူနီဖောင်းအားပြန်လည် ဝတ် ဆင် စေပြီး ပူးပေါင်းတပ်ဖွဲ့က တာဝန်ရှိသူတွေ ကောင်းမွန်စွာ စစ်ဆေး မေးမြန်းကာ MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထား ဝယ် ခရိုင် (တပ်ရင်း-၁) တာဝန်ခံဆီကို အပ်နှံဖို့ လုပ်ဆောင်ခဲ့ တယ်လို့သိရပါ တယ်။

အဲဒီလိုသွားရောက်အပ်နှံရန်သွားချိန် လမ်းခုလတ်တစ်နေရာမှာ ပြန်လည်ခုခံပြီး ထွက်ပြေးတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“သူ့မှာပါလာတဲ့လက်ထိပ်နဲ့ပဲ လက်ထိပ်ခတ်ပြီးခေါ်ဆောင်​နေတဲ့အချိန်မှာ ခေါ်လာတဲ့သူကိုပခုံးနဲ့တိုက်ပြီး ထွက်ပြေးတယ်။ အဲဒီအချိန် ပစ်ခတ် ဖမ်းဆီး လိုက်တာပါ” လို့ TPLF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ထားဝယ်-ရန်ကုန်ကားလမ်းမပေါ်မှာ နယ်မြေစိုးမိုးရေးလှုပ်ရှားမှုတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ် ရေး တပ် မတော် (T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နဲ့ထားဝယ် အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA) အဖွဲ့တွေက ပူးပေါင်းလုပ် ဆောင် ခဲ့တာပါ။

ပြန်လည်ခုခံပြီးထွက်ပြေးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးရဲ့ရုပ်လောင်းကိုတော့ ပူးပေါင်းတပ်ဖွဲ့တွေက လူသားဂုဏ်သိက္ခာနဲ့အညီ ကောင်းကောင်းမွန်မွန် မြေမြှုပ် သင်္ဂြိုဟ် ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Photo Credit- Freedom Kanbauk

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article