ထန်းတပင်၊ လှည်းလမ်းကူးကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် အဆက် မပြတ် ဗုံးကျဲပစ်ခတ်နေ၊ မြေပြင်တွင်လည်း စစ်ကူစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ ဇူလိုင် ၆
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာတွင် ယနေ့ နံနက် ၄ နာရီမှ စ၍ တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျံချနေပြီး ပြည်သူများ ရှောင်တိမ်းနေရကြောင်း ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
“လေယာဉ်နဲ့ပစ်နေပြီ။ ရဟတ်ယာဉ်ရော။ အခုထပ်လာပစ်ပြန်ပြီ။ တိုက်လေယာဉ်တွေလည်း တောင်ငူက ထပ်လာကုန်ပြီ။ လေယာဉ် ၅ စီးက တအားပစ်နေပြီ”ဟု ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး အဖွဲ့များသည် ယနေ့ နံနက် ၄ နာရီက တည်း က တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်း ထန်နေ ဆဲဖြစ်ကြောင်း ၊အကြမ်းဖက်စစ်တပ်က လေယာဉ်များနှင့် ပစ်ခတ်ရုံသာ မကဘဲ ထန်းတပင်မြို့ တောင်ခြမ်းရှိ စစ်တပ်ကလည်း လက်နက်ကြီးဖြင့် အလုံး ၁၅၀ ဝန်းကျင် ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
