ရန်ကုန်တွင် ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အထိမ်းအမှတ် စာတန်းများ ချိတ်ဆွဲ
ရန်ကုန်၊ ဇူလိုင် ၇
ရန်ကုန်တွင် ယနေ့ ကျရောက်သည့် ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အထိမ်းအမှတ် Falcon Revolutionaries Teamက စာတန်းများ ချိတ်ဆွဲသည်။
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ စစ်အာဏာရှင် ဗိုလ်နေဝင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသော တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီး ဖိနှိပ်သတ်ဖြတ်ရုံမျှမက ရန်ကုန် တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပါ ဒိုင်းနမိုက်ဖြင့် ဖြိုခွင်း၍ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။