ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာသို့ စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက်
■ စစ်တပ်နှင့်ပျူစောထီးများ စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာသို့ စစ်တပ်နှင့် ပျူစောထီးများ ဝင် ရောက်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက်လိုက်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့်ဒေသပြည်သူများထံမှ သိရှိရ သည်။
ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ခင်ဦး-မုံရွာ ရထားသံလမ်းဘေး မြကန်ကျေးရွာသို့ ရွာသစ်ကုန်းပျူစောထီးနှင့် အကြမ်းဖက်စစ်သား ၂၀ ကျော် ဝင်ရောက်ခဲ့ပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကို ဖမ်းဆီး ၍ ၁ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စစ်တပ်၏ ဖမ်းဆီးမှု ခံရသူ ၂ ဦးမှာ ဦးတင်ထူး အသက် ၅၅နှစ် နှင့် မောင်သန်း ထိုက် ၂၁ နှစ်တို့ဖြစ်ပြီး ကျန်၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက် ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။
“ဖမ်းခံရသူနှစ်ဦးက ဦးတင်ထူး အသက် ၅၅နှစ် နဲမောင်သန်းထိုက် ၂၁နှစ် ။ တစ်ဦး ဖမ်းဆီးသွားပြီး ကျန်တစ်ဦး မီးရှို့သတ်ဖြတ်အလောင်းဖျောက်တာ။ မီးရှို့ သတ်ဖြတ်ခံရသူက ဘယ်သူဆိုတာတော့အတည်မပြုနိုင်ပါဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်တပ်နှင့် ပျူစောထီးများက မြကန်ကျေးရွာအတွင်းရှိ စားစရာ ပစ္စည်း များကိုလည်း ခိုးယူသယ်ဆောင်သွားကြောင်းလည်း သိရှိရသည်။
ထို့ပြင်ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ် တပ် နှင့် ရွာသစ် ကုန်း ပျူစောထီးရွာမှ ပျူစောထီးများက စစ် ကြောင်းထိုး နေမှု ကြောင့် ဒေသ ပြည်သူ ထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ နံနက်ပိုင်း အင်းပတ်ကျေးရွာ နှင့် ချမ်းသာကုန်းကျေးရွာဘက်သို့ အကြမ်း ဖက်စစ်တပ်နှင့် ပျူစောထီးများက လက်နက်ကြီးငယ်များ ရမ်းသမ်း ပစ်ခတ် လျက် ရှိကြောင်း၊ အဆိုပါ စစ်ကြောင်း ကို ခင်ဦး( KSO)ဒေသ ကာကွယ် ရေး အဖွဲ့ နှင့် ခင်ဦးမြို့နယ် (ပကဖ) ကာကွယ် ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အထိနာ၍ ၎င်းတို့၏ အထိုင်စခန်းသို့ ပြန်ဆုတ်သွားကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။
Photo Credit- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။