20 C
Yangon

ဖလမ်း၊ ရိခေါ်ဒါရ်မြို့ စစ်ကောင်စီစခန်းမှ ရဲ ၄ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Rikhawdar (ရိခေါ်ဒါရ်) မြို့အနီး တောင်ကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးသည် မတ်လ ၅ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁ ခုထံ အလင်းဝင်လာခဲ့ကြောင်း ချင်းသတင်းစာမျက်နှာများတွင် ဖော်ပြသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာသူများမှာ ရဲဒုတပ်ကြပ် တွန်ပေါင်ပြန် (Tuan Pau Pian)၊ ရဲတပ်သား ကမ်ဒိမ့်ပေါင် (Kam Deih Pau)၊ ရဲတပ်သား လားတီရယ်ထန် (Lal Tial Thang)၊ ရဲတပ်သား ထန်ကြွမ်မန် (Thang Cuan Mang) တို့ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ဖလမ်းမြို့မှ ရိခေါ်ဒါရ်မြို့သို့ ပြောင်းရွှေ့လာသူများဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို မတိုက်ခိုက်လို၍ အရပ်ဝတ်ဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သိရှိရသည်။

မတ်လ ၅ ရက် နံနက် အစောပိုင်းတွင် ရိခေါ်ဒါရ်မြို့၊ တီအိုချောင်းအနီး တောင်ကုန်းပေါ်ရှိ စစ်ကောင်စီစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article