28 C
Yangon

လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

Must read

လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၉

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chinland Defense Force (Mara) အဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် Chinland Defense Force (Mara) ၏ ထိန်းချုပ်နယ်မြေဖြစ်သော အမှတ် ၃ တပ်ရင်း နယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် CDF-Mara တပ်ဖွဲ့ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က မြို့တွင်းရှိ ပြည်သူလူထုရှိရာ နေရာများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး မီးလောင် ပြာကျသွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းသည် CDF-Mara တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်ခြင်း ၊ နှောင့်ယှက်ခြင်း ၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသမ်းပစ်ဖောက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နှစ်ဖက်တိုက်ပွဲများဆက်လက် ပြင်းထန်နိုင်ပြီး မြို့တွင်းနေ ပြည်သူလူထုများ သတိရှိရှိ သွားလာနေထိုင်ကြပါရန် Defense Force (Mara) အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article