ရန်ကုန်၊ ဇူလိုင် ၅
စစ်ကိုင်းဒေသ “ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေ” သည် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများ၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် သွေဖည်နေနေဟု စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ ဝန်ထမ်းများကောင်စီ (CCSC-SFU) က ထောက်ပြထားသည်။
ဇူလိုင်လ ၃ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက် သော “ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေ” ပါ ပြဋ္ဌာန်းချက်များ သည် စစ်ကိုင်းဖက်ဒရယ်ယူ နစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ အခြေခံမူ၊ ပုဒ်မ (၆) ပါ “စစ်ကိုင်းဖက်ဒရယ် ယူ နစ်သည် အချုပ်အခြာအာဏာ၏ မဏ္ဍိုင် ၃ ရပ်ဖြစ်သည့် ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာများကို သီးခြားစီကျင့်သုံးရမည်။ မဏ္ဍိုင်တစ်ရပ်နှင့် တစ်ရပ်အကြား အ ချင်း ချင်းအပြန်အလှန် ထိန်းကျောင်းမှုရှိရမည်” ဟူသော အခြေခံမူကို အတိ အလင်း ချိုးဖောက် လျက်ရှိသည်ကို တွေ့ရှိရကြောင်း ထောက်ပြထားသည်။
အုပ်ချုပ်ရေးအာဏာ၏ အမြင့်ဆုံးကဏ္ဍတွင်ရှိသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဥပဒေပြုရေးမဏ္ဍိုင်မှ အကြီးအကဲဖြစ်သော “လွှတ်တော်ဥက္ကဋ္ဌ” ကိုယ်တိုင် ပါဝင် ဆောင်ရွက်နေခြင်းသည်လည်းကောင်း၊ ယင်းကောင်စီ၏ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို လွှတ်တော်တွင် ပြန်လည်အတည်ပြုချက်ရယူရမည့် လုပ်ငန်းစဉ်၌လည်း လွှတ်တော်ဥက္ကဋ္ဌကပင် ဦး ဆောင်ရမည်ဖြစ်ခြင်းကြောင့်လည်းကောင်း “အာဏာခွဲဝေမှုနှင့် အပြန်အလှန်ထိန်းကျောင်းမှုစနစ်” ကို လုံးဝပျက်ပြားစေသည်ဟု ဆိုသည်။
အာဏာကျင့်သုံးသူနှင့် စောင့်ကြည့် ထိန်းကျောင်းရမည့်သူသည် လူ တစ်ဦးတည်း၊ အဖွဲ့အစည်း တစ် ခုတည်း ဖြစ်နေခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ ဂုဏ်သိက္ခာ ကို ညှိုးနွမ်းစေရုံသာမက နိုင်ငံ ရေး အရ အလွန်ရုပ် ဆိုးအကျည်းတန်သော ကိစ္စရပ်ဖြစ်ကြောင်း အသိပေးထားသည်။
အသက်သွေးချွေးများစွာ ပေးဆပ်ကာ တည်ဆောက်နေရသော ကူးပြောင်းရေးကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်၍ မဏ္ဍိုင်များ ရောထွေးကျင့်သုံးခြင်းသည် နောင်တစ်ချိန် တွင် အာဏာ ရှင်စနစ်ပုံစံသစ် တစ်ဖန်ပြန်လည်ဦးမော့လာစေရန် လမ်းခင်းပေး သကဲ့သို့ ဖြစ်သွား နိုင် ကြောင်း ပြတ်သားစွာ သတိပေးထားသည်။
သို့ဖြစ်ပါ၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ သက်ဆိုင်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအဖွဲ့ အစည်း များနှင့် တာဝန်ရှိသူအပေါင်းတို့အနေဖြင့် တော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ မျှော်မှန်း ချက်နှင့် ပေးဆပ်မှု (တော်လှန်ရေး၏မျက်နှာ)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေပါ ပြဌာန်းချက်များ ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ စံနှုန်းများ၊ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ အဖွဲ့အစည်းများ၏ နိုင်ငံရေးဂုဏ်သိက္ခာ၊ မိမိတို့အပေါ် ယုံကြည်ကိုးစားထားသော အမိ စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူလူထု တစ်ရပ်လုံး၏ မျက်နှာကို ထောက်ထားငဲ့ညှာသောအားဖြင့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေနှင့် ဆန့်ကျင်နေသော အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များကို ချက်ချင်းရပ်ဆိုင်းပြီးအမြန်ဆုံးပြန် လည်ပြင်ဆင်ကြပါရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU) က တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU) သည် စတင်ဖွဲ့စည်းချိန်မှ စ၍ စစ်အာဏာရှင်စနစ်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးတွင် စစ်ကိုင်းတော်လှန်ရေး အင်အားစုတစ်ရပ်အဖြစ် အစဉ်တစိုက် ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကြားကာလ နိုင်ငံရေး အ ပြောင်းအလဲတွင် ပေါ်ပေါက်လာသည့် ဥပဒေပြုရေးနှင့် အုပ်ချုပ် ရေးလုပ်ငန်းစဉ်များ အားလုံးသည် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (Sagaing Federal Unit Interim Constitution) ပါ စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုလည်း CDM နိုင်ငံ့ဝန်ထမ်းများ ၏ ခံယူချက် လုပ်ငန်းစဉ်များအတိုင်း အလေးထားစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ (မေလ ၁၇ ရက် ၂၀၂၆ ခုနှစ် တွင်) ပေးပို့လာသော ယူနစ်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဥပဒေ(မူကြမ်း) အပေါ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ အသေးစိတ်လေ့လာ သုံးသပ်ချက်များ နှင့် ပြင်ဆင်ချက် ဒုတိယ မူကြမ်းကို ယူနစ် လွှတ်တော်အပါအဝင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားသော တော်လှန်ရေး မဟာ မိတ်အင်အားစုများထံသို့ တင်ပြခြင်း၊ တရားဝင် စနစ်တကျ ပေးပို့တိုက်တွန်းခြင်း များကို ဘက်စုံ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အလားတူ စစ်ကိုင်းတော်လှန်ရေး အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် For Sagaing အဖွဲ့အတွင်း လည်း စနစ်တကျ တင်ပြခဲ့ပြီး ဖြစ်ပြီး အဖွဲ့ဝင်များမှလည်း ဖြစ်သင့်သည့်အချက်များကို အကြံပြုခဲ့ ကြကြောင်း အသိပေးထားသည်။




