26.4 C
Yangon

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်အထိုင်ချ တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာနှင့် ရေဖြူကန်ကျေးရွာတို့တွင် အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လအတွင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာနှင့် ရေဖြူကန်ကျေးရွာတို့တွင် အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းနဲ့ ရေဖြူကန် စစ်ကောင်စီတပ် အထိုင်ချတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုတော့ အတိအကျမသိရသေးဘူး။ ခန့်မှန်းခြေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ ပစ်မှတ် (Target) နားကို ကျတာပါ။ ၂ ရက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တစ်နေရာမှာ အင်အားအတိုးအလျော့ရှိတယ်။ အနည်းဆုံး ရာဂဏန်းရှိပါတယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် ပကဖ၊ ညောင်လေးပင် ပကဖနှင့် ၃၇၀၃ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article