26 C
Yangon

မင်းကင်းတွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး တိုက်ပွဲများ ဖြစ်ပွား

Must read

မင်းကင်းတွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး တိုက်ပွဲများ ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအတွင်းရှိ ကြာပင်ရဲစခန်းကို အကြမ်းဖက် စစ်တပ်က Mi 17 ဖြင့် လက်နက်ခဲယမ်းများဖြည့်တင်းပြီးနောက် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း Minkin PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီ ၄၈ မိနစ်ခန့်အချိန် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ကြာပင်ရဲစခန်းသို့ နမခ မှ Mi 17 ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများလာရောက် ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့တွင် မအူ ပျူစောထီးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄၀ ခန့်က နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် လည်း ကောင်း၊ ကြာပင်ရဲစခန်းမှ အင်အား ၁၀၀ ခန့်သည့် ပီက္ခယားကျေးရွာအတွင်းသို့ လည်းကောင်း လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ကြာပင်ကို ခဲယမ်းတွေချပြီး အဲဒီရွာကနေ အခြားရွာတွေကို ခဲယမ်းတွေလာပို့တာပါဗျ၊ ပျူရွာက အင်းရွာကိုလက်နက်ကြီး နဲ့ပစ်ခတ်ဝင်ရောက်တဲ့အချိန်မှာ ပြည်သူတွေထွက်ခွာနိုင်အောင်လို့ ကာပစ်ပစ်ရင်း တိုက်ပွဲဖြစ်ခဲ့တာ၊ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်၊ အတိအကျတော့ သတင်းမရဘူး၊ အခုတော့ နယ်မြေရှင်းလင်းရေးဝင်နေပြီ၊ စစ်ခွေးတွေလည်း စခန်းထဲပြန်ဆုတ်သွားပြီဆိုတော့၊ ဒီဘက်မှာက မိုးရွာပြီး ရာသီဥတု ဆိုးရွားနေလို့ စစ်ဘေးရှောင်တွေ အခက်အခဲတွေ့နေရတယ်ဗျ” ဟု Minkin PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မအူကျေးရွာမှ အင်းရွာဘက်သို့ ဝင်ရောက် လာသော အကြမ်း ဖက် စစ်သား၊ ပျူစောထီးများကို အမှတ် ၁၁ တပ်ရင်းက ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နာရီ ဝက်ခန့် အကြာ ထိတွေ့တိုက်ပွဲပွဲဖြစ်ခဲ့ကြောင်း၊ လက်နက်အင်အား မမျှသဖြင့် နောက် ဆုတ်ပေးခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်မှုရှိသော် လည်း အတိအကျ မသိရ သေးကြောင်း၊ ပြည်သူ များဘေးလွတ်ရာသို့ ရွှေ့ ပြောင်း နိုင်ရန် အ တွက် ခုခံကာပစ်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စစ်တပ်စစ်ကြောင်းနှစ်ခုက ပိက္ခယားရွာဘုန်းကြီးကျောင်း အတွင်းသို့ ဝင်ရောက်တပ်စွဲကြောင်း၊ ကြာပင်ရဲစခန်းမှ သယ်လာသော လက် နက်ခဲယမ်းများကို မအူကျေးရွာ မှ ပျူစောထီးများက သွားရောက် ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် ပျူစောထီးများက ပိက္ခယားကျေးရွာရှိ ပြည်သူ့နေအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ နေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်က အင်းရွာမှ ပြည်သူပိုင် ဖုန်း ၅ လုံး ၊ ရွှေဆွဲ ကြိုး ၁ ကုံး ၊ လက်စွပ် ၁ ကွင်း ၊ နားကပ် ၁ စုံ ၊ ပိုက် ဆံ ၁ သိန်းတို့ကို ခိုးယူသွားကာ ဆိုင်ကယ် ၁ စီး ၊ ဆိုလာ ၁ ချပ် ၊ ရေစက် ၁ လုံးတို့ကို ဖျက်ဆီးပစ်ခဲ့ပြီး နွား ၁ ကောင် ၊ ကျွဲ ၁ ကောင်၊ ဝက် ၁ ကောင် ပစ်သတ်ထားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article