ရေတာရှည်တွင် ပျူစောထီး ကျွဲကြီး(ခ)ဇင်မျိုးထွန်းနှင့် အောင်လံမြို့တွင် တပ်ကုန်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကင်းလဲဆိပ်ကျေးရွာတွင် သမီးအရင်းဖြစ်သူနှင့် ပြည်သူတစ်ဦးကို ရက် စက်စွာ လည်လှီးသတ်ဖြတ်ခဲ့သူ စစ်ပြေး ပျူစောထီးသင်တန်းဆင်း ကျွဲကြီး(ခ)ဇင်မျိုးထွန်းကို ပစ်ခတ် ရှင်းလင်းခဲ့ရာသေဆုံးသွားကြောင်း ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောဆိုသည်။
ဇူလိုင်လ ၂ ရက် နေ့က ရေတာရှည်မြိုနယ် ကင်းလဲဆိပ်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ ပျူစောထီး ကျွဲကြီး(ခ)ဇင်မျိုးထွန်းကို ရေတာရှည်မြိုနယ်ပကဖ က ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပျူစောထီး ကျွဲကြီး(ခ) ဇင်မျိူးထွန်းသည် အကြမ်း ဖက်စစ်ကောင်စီ၏ ခလရ(၃၉) ခြေလျင်တပ် ရင်းမှ စစ်ပြေးတစ်ဦးဖြစ်ပြီး ထောင်(၃)နှစ်ကျကာ ပြန်လွတ်လာချိန်၌ ၎င်း၏သမီးဖြစ်သူကို ရက်စက်စွာ လည်လှီးသတ်ဖြတ်ခဲ့သူဖြစ်ကြောင်း၊ထို့အပြင် ရေတာရှည်မြိုနယ်၊ ဘိုတဲစုကျေးရွာမှ ကိုသန်းနိုင်ဝင်းကို လည်း ရက်စက်စွာ လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ပျူစောထီး ကျွဲကြီး(ခ)ဇင်မျိုးထွန်းသည် ရေတာရှည်မြိုနယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က သင် ကြား ပေးသော ပျူစောထီးအပတ်စဉ် ၁ ရေနီလေ့ကျင့်ရေး သင်တန်းကျောင်းဆင်းဖြစ်ကာ ပြည်သူလူထု ကို ဒုက္ခမျိုးစုံပေးနေသူဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် အဖြစ် ဆောင်ရွက်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း၊ အောင်လံမြို့၊ သမ္ဘူလအခြေစိုက်၊ တပ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ထွန်းကို နေအိမ် အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်အချိန် တပ်ကုန်းကျေးရွာ၊ နေအိမ်အတွင်းရှိနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် အုပ်ချုပ်ရေးမှူး ဇော်ထွန်းကို သေနတ်သမားများက ပစ်ခတ်ခဲ့ရာ ညာပါး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာနံရိုးအောက်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ညာလက်တို့တွင် ကျည်ထိဒဏ်ရာ တစ်ချက်တို့ ရရှိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- သေဆုံးသွားသည့် အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ထွန်း။