28 C
Yangon

ပေါင်းတည်တွင် ကျေးရွာများကို ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့်ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က နေအိမ်နှင့် ဂိုဒေါင်များကို မီးရှို့ဖျက်ဆီး

Must read

ပေါင်းတည်တွင် ကျေးရွာများကို ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့်ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က နေအိမ်နှင့် ဂိုဒေါင်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြု ရွာစဉ် လှည့် ဖျက်ဆီးနေ သော စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ် ပုတ်တာဝါတိုင် စခန်းမှ စစ်တပ်က အင်အား ၂၀ ဖြင့် စစ်ကြောင်းထိုးထွက်လာကြောင်း၊ အဆိုပါ စစ်တပ်ကို မြောက်လယ်ကြီးရွာနားအရောက် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် လက်ပံခုံကျေးရွာထိပ် အနီး ယာတဲတိုက်၌ အနားယူနေသော အကြမ်းဖက် စစ်သားများကို စနိုက်ပါ ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

တိုက်ခိုက်မှုများကို ပေါင်းတည်မြိုနယ်(၃၆၀၁ PPDF) တပ်ရင်း Sniper တပ်ဖွဲ့၊ ပေါင်းတည်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(၃၆၀၁ PPDF)တပ်ရင်း အဖွဲ့ ၁ (Tigerစစ်ကြောင်း၊ အဖွဲ့ ၂ (လင်းယုန် စစ်ကြောင်း)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၂ အဖွဲ့ ၁ ( Sniper တပ်ဖွဲ့)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ် ခတ်တိုက် ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ ကျေးရွာများကိုလှည့်လည်ပြီး နေအိမ်များအတွင်းမှ ပစ္စည်းများ ကို ခိုးယူပြီး နတ်ကန်ကျေးရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ လှည့်လည်နေခြင်းဖြစ် ကြောင်း၊ ၎င်းစစ်ကြောင်းမှာ လက်ပံခုံရွာထဲသိုဝင်ရောက်သွားပြီး ပြည်သူများကို ဧည့်စာရင်းစစ်ဆေး နေကြောင်း သိရှိရသည်။

ထို့ပြင် ပေါင်းတည်မြို့နယ်၊ ညောင်ပင်ရွာ နှင့် နတ်ကန်ရွာကြားတွင် အကြမ်းဖက် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုစုံစမ်းနေဆဲဖြစ်ကြောင်း ပေါင်းတည် PDF တပ်ဖွဲ့ တာဝန်ရှိ က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပြောက်စမ်းရွာမှ ကုန်စုံဆိုင်ပိုင် ရှင်များနှင့် နတ်ရေတွင်းရွာမှ ကုန်စုံဆိုင်ပိုင်ရှင်များကို မတရားဖမ်းဆီး ခေါ်ဆောင်လာ သော အင်အား ၃၂ ဦးပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF၃၆၀၁ တပ်ရင်း) စနိုက်ပါ တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က နတ်ကန်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ညပိုင်းတွင် ပြည်သူများ ၏ နေအိမ်များကို ဖျက်ဆီးဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ စုထားသော စုဗူးများကို ခိုး ယူခြင်း လုပ်ဆောင့်သည့်အပြင် ပြည်သူများစိုက်ပျိုးရေးအတွက် ထိန်းသိမ်းထားသော နှမ်းနှင့်မြေပဲ၊ ပဲ မျိုးစေ့များကို ဖျက်ဆီးသွားသည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာမှ ထွက်လာသော စစ်တပ်က နေအိမ်တစ်လုံးနှင့် ဂိုဒေါင် များကို အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ခိုးယူသွားကြောင်းပေါင်းတည် PDF ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နံနက် ၇ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုံကျေးရွာ မှ ထွက်လာသော စစ်ကြောင်းနှစ်ခုပေါင်းထားသည့် စစ်သားများသည် လူသားဒိုင်းကာများဖြင့်တောင် ခမောက်ကျေးရွာထဲသို့ ဝင်ရောက်ကာ နေအိမ်များကို ထုရိုက်ဖျက်ဆီးခြင်း၊ ကုန်စုံဆိုင်နေအိမ်တစ်လုံး အတွင်းရှိ မျိုးစပါး၊ ပဲဂိုဒေါင်အား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ခြောက်ဆိုင်များ မီးရှို့ဖျက်ဆီးခြင်း၊ ပြတင်း ပေါက်မှန်များ ရိုက်ခွဲခြင်း၊ တန်ဖိုးကြီးပစ္စည်းများ ခိုးယူခြင်းတို့လုပ်ဆောင်ပြီး ရွာလမ်းတလျှောက်ရှိ နေအိမ်များ၌ မွေးမြူထားသော ကြက်များနှင့် ဝက်တစ်ကောင်ကိုလည်း ထုရိုက်သတ်ကာ သစ်ပုတ် တာဝါတိုင် အထိုင်စခန်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏အသက်အိုးအိမ်ကို ထိခိုက်မည် စိုးရိမ်ခြင်း၊ လူ သားဒိုင်းကာ အသုံးပြုထားခြင်းတို့ကောင်း တိုက်ခိုက်ခြင်းမပြုရဘဲ စိတ်မကောင်းစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း ပေါင်းတည် PDF က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article