25 C
Yangon

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် လေကြောင်းရန်တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး ကင်းစခန်းနှင့် စစ်ကူ စစ်ကားတန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်၊ စစ်ကား ၁ စီးတိမ်းမှောက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

Must read

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် လေကြောင်းရန်တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ပြီး ကင်းစခန်းနှင့် စစ်ကူ စစ်ကားတန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်၊ စစ်ကား ၁ စီးတိမ်းမှောက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ရန်ကုန်၊ ဇူလိုင် ၁၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း MDY-PDF ၏ ပြောရေးဆိုခွင့်ရှိသူ အော်စမွန် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်က စတင်ကာ မတ္တရာမြို့နယ် အခြေစိုက် အင်ကြင်းမြိုင်တပ် လေကြောင်းရန် ကာကွယ်ရေးတပ်ကို MDY-PDF က ရှော့တိုက်ဒုန်း ၁၀၇ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်တည်း အင်ကြင်းမြိုင်တပ်၏ ရဲကင်း စခန်းငယ် တစ်ခုကိုလည်း ဝင်ရောက် စီးနင်း ချေမှုန်းခဲ့ကြောင်း၊ ထို့နောက် အင်ကြင်းမြိုင်တပ်ကို စစ်ကူလာသည့် စစ်ကြောင်းကိုလည်း MDY-PDF က ၂ ကြိမ် မိုင်းဆွဲ ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” မတ္တရာအခြေစိုက် အင်ကြင်းမြိုင်တပ်လို့ခေါ်တဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ကို ကျွန်တော်တို့ဘက်က စတင်ပြီးတော့ ရှော့တိုက်ဒုန်း ၁၀၇ မမ နဲ့ စတင်ပစ်ခတ်ခဲ့တယ်။ အဲပစ်ခတ်မှု တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ အင်ကြင်းမြိုင်တပ်ရဲ့ ရဲကာကင်း စခန်းငယ် တစ်ခုကိုလည်း ဝင်ရောက် စီးနင်း ချေမှုန်းမှု တစ်ပြိုင်တည်း လုပ်ခဲ့တာရှိတယ်။ ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့ နေရာကို စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ၂ ကြိမ် မိုင်းဆွဲ ဖြတ်တောက်ခဲ့တာရှိတယ်” MDY-PDF ၏ ပြောရေးဆိုခွင့်ရှိသူ အော်စမွန် ကပြောဆိုသည်။

မတ္တရာဒေသပြည်သူများ၏ အဆိုအရ စစ်တပ်၏ အင်ကြင်းမြိုင် စစ်တပ်အနီး ယနေံ နံနက်အစောပိုင်း လက်နက်ကြီးသံ ၆ ချက်ကြားရပြီး စလေငါးကန်စောင့် စစ်သားများ သေဆုံးကြောင်း ပြောဆိုသည်။

“မတ္တရာ မြို့နယ် ဆည်တော်ကြီး အင်ကြင်းမြိုင် စစ်တပ်အနီး စလေးရွာမှာ ဒီနေ့ မနက် ၃ နာရီလောက် တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးသံ ၆ ချက်လောက်နဲ့ လက်နက်ငယ် သံတွေ ကြားရတယ်။ စလေ ငါးကန်စောင့်တဲ့ စစ်သားတွေ သေသွားတယ်။ အင်ကြင်းမြိုင် စစ်တပ်လည်း လက်နက်ကြီးနဲ့ အတိုက်ခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ နံနက် ၈ နာရီ ၃၀ အချိန် စစ်ကူလာသော စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား တစ်စီး တိမ်းမှောက်ပြီး သေဆုံးထိခိုက်မှုများပြားကြောင်း သိရှိရသည်။

“ဒီမနက် ၈ နာရီ ၃၀ လောက်မှာ အနောက်ဆည်တော်ကြီးလမ်းခွဲကနေ စစ်ကား၃စီး မြောင်းဘောင်လမ်းတိုင်း မောင်းလာတာ အင်အားနဲနဲများတယ်။ ဂွေပင်ရွာမြောက်ဘက်လမ်းကနေ ဆည်တော်ကြီးကားလမ်း အတပ် စလေရွာ အနောက် ဗျီးပုံတောင်အနီး ညောင်ပင် ရေအိုးစဥ် နားမှာ မိုင်းဆွဲခံလိုက်ရတယ်။ စစ်ကားတစ်စီး ပက်လက်လန်သွားပြီး အသေအပျောက်များတယ်။ စာရင်းအတိကျတော့ မသိရသေးဘူး” ဟု ဒေသပြည်သူက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article