By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-လူမှုကွန်ရက်စာမျက်နှာမှာ စစ်တပ်ကို ဝေဖန်လို့ CID ဒုရဲမှူးကြီးဇော်ဝင်းကိုထောင်၃နှစ်ချမှတ်လိုက်ပါတယ်။
-စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေမနေ့ကညပိုင်းမှာ ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
-စစ်ဘေးရှောင် ပြည်သူတွေအပါအဝင် အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် အလှူငွေ ထည့်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပါတယ်။စတဲ့သတင်းတွေနဲ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်