24 C
Yangon

မြန်မာတစ်နိုင်ငံလုံး စစ်ရေး သတိမပြတ် ရှိနေရသည့် အရေးပေါ် အခြေအနေ ရောက်ရှိနေဟု NUG ယာယီသမ္မတ သတိပေး

Must read

မြန်မာတစ်နိုင်ငံလုံး စစ်ရေး သတိမပြတ် ရှိနေရသည့် အရေးပေါ် အခြေအနေ ရောက်ရှိနေဟု NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၉

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်များကြောင့် မြန်မာတစ်နိုင်ငံလုံး စစ်ရေး သတိ မပြတ် ရှိနေရသည့် အရေးပေါ် အခြေအနေ ရောက်ရှိနေဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုလိုက်ကသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄ / ၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ ဗဟိုဖြစ်သော ကချင်ပြည်နယ်ဧရိယာကို စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ထို့ကြောင့် စစ်ရေးအရ အမြဲမပြတ် သတိရှိရမည့် အရေးပေါ် အခြေ အနေ ဖြစ်ကြောင်း သမ္မတကြီးက ပြောဆိုသည်။

“ဒီရက်ပိုင်းကာလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်မြောက်ပိုင်းဒေသရဲ့ ဗဟိုဖြစ်တဲ့ ကချင်ပြည်နယ် ဧရိယာကို စစ်အင်အားအလုံးအရင်းနဲ့ ဦးတည်ထိုးစစ်ဆင်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ မြန်မာပြည်မြောက်ပိုင်းဒေသကို စစ်ရေးအရ / နိုင်ငံရေးအရ အရှိုက်ထိအောင် လုပ်ဆောင်ချင်တယ်လို့ ယူဆရပါတယ်။ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးဟာ စစ်ရေးသတိမပြတ်ရှိနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ နေ့တိုင်း/ အချိန်တိုင်း စစ်ရေးအရ အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ ပြောချင်ပါတယ်” ဟု NUG သမ္မတက သတိပေးသည်။

လတ်တလောတွင် စစ်ရေးကူညီမှုများကို NUG က တတ်စွမ်းသမျှ ဖြည့်စည်းပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သမ္မတက ပြောဆိုသည်။

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တတ်နိုင်တာတွေ ရှိသလို၊ မတတ်နိုင်တာတွေလည်း ရှိနေပါတယ်။ မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီဖို့ အသင့်အနေအထားမှာ ရှိနေရမယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီက ဦးစားပေး ဖြိုခွင်းနိုင်မယ့် နယ်မြေဧရိယာတွေမှာ စစ်ရေးပြင်ဆင်မှုတွေကို အချိန်နဲ့အမျှ တိုးတက်ကောင်းမွန်အောင် လုပ်နေဖို့ ဝိုင်းဝန်းကြိုးစားပေးကြပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတ ဆက်လက်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article