28 C
Yangon

ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ပုလဲမြို့နယ်ရှိ ကန့်ထောက်ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ပုလဲမြို့နယ်ရှိ ကန့်ထောက်ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Rangers ARMY ပြောက်ကျားတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်တိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောတိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းကို ထွက်ခွာလာသည့် သော စစ်သား အင်အား ၄၀ ခန့်ပါ ၁၂ ဘီးကားကို မိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Rangers ARMY ၊ ရွှေဘို SBDF ခွဲ ၄ နှင့် ရွှေဘိုတိုက်နယ် ၆ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ထောက်ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပုလဲမြို့နယ်၊ ကန့်ထောက် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတွင်းမှ ရဲ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ရဲဘော်များဘက်မှDrone ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) တပ်ရင်း၂ ၊တပ်ခွဲ၂ ၊ ပုလဲနယ်မြေခံတပ်ဖွဲ့နှင့် Earthquake People’s Defence Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article